AB News- ဇူလိုင် ၁၇၊ ၂၀၂၅
ဒေဝီ
ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့ (၇၈) ကြိမ်မြောက် ဂုဏ်ပြုပွဲအခမ်းအနားကို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ စစ်ဌာနချုပ်တွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဇူလိုင်လ ၁၆ရက်နေ့က ကျရောက်သည့် အဆိုပါ အခမ်းအနားသို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒုဥက္ကဋ္ဌ ပဒိုစောဆဲဂေ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောရှီးလေ၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး (ဗဟို) အလုပ်အမှုဆောင်ကော်မတီဝင် ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန ဌာနမှူး ပဒိုစောလောအယ်မူး၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး စောလာဒိုထူး နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် စစ်ဌာနချုပ် ဒုဗိုလ်မှူးကြီး စောလေးဒိုမူး တို့တက်ရောက်ဂုဏ်ပြုအားပေးစကားများပြောကြားခဲ့ပြီးတပ်ပိုင်းဆိုင်ရာ တာဝန်ရှိခေါင်းဆောင်များ၊ ရဲဘော်ရဲဘက်များ၊ဌာနဆိုင်ရာ ခေါင်းဆောင်များ၊ ကျောင်းသား/သူများ နှင့် ပြည်သူလူထုများ စုစုပေါင်း လူဦးရေ (၄၀၀) ကျော် တက်ရောက်ဂုဏ်ပြုခဲ့သည်။
ယင်းအခမ်းအနားတွင် (၇၈)ကြိမ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့သို့ ပေးပို့သော သဝဏ်လွှာများအားဖတ်ကြားခြင်း၊ မာနယ်ပလောဒေသရရှိရေး ရွတ်ရွတ်ချွံချွံ တိုက်ပွဲဝင်ခဲ့ကြသော ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်း၊ ထူးချွန်ရဲဘော်များအား ရာထူးတိုးခန့်အပ်ခြင်း နှင့် ကျောင်းသားကျောင်းသူများမှ ဂုဏ်ပြုသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်းတို့ပြုလုပ်ခဲ့သည်။









