Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကရင်ပြည်ရှိ စစ်ကောင်စီ၏ အကြီးဆုံးစခန်းတစ်ခုဖြစ်သော မယ့်ခါထာတပ်စခန်းကို KNLA တပ်မဟာ (၅) သိမ်းပိုက်

ABN-ထက်မြတ်ခင်

ကရင်ပြည် သံလွှင်မြစ်ဘေးတွင်တည်ရှိသည့် စစ်ကောင်စီ၏ အကြီးဆုံးတပ်စခန်းဖြစ်သော မယ့်ခါထာတပ်စခန်းကို ယနေ့မတ်လ ၂၈ရက်နေ့ နံနက်အစောပိုင်းတွင် နယ်မြေခံ KNLAတပ်မဟာ(၅)က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု KLCတွင်ဖော်ပြထားသည်။

ထိုစခန်းအား ယနေ့နံနက် ၅နာရီအချိန်တွင် တက်ရောက်တိုက်ခိုက်ခဲ့ပြီး နံနက် ၇နာရီ ဝန်းကျင်အချိန်တွင် အပြီးရှင်းလင်းနိုင်ခဲ့ကြပြီး စစ်ကောင်စီဖက်မှ သေဆုံးသူအများအပြားရှိခဲ့ကြောင်းဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်သိမ်းပိုက်မှုကြောင့် စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှု ပြန်လည်ပစ်ခတ်နိုင်သည့်အတွက် ဒေသခံအချို့မှာ ကြိုတင်တိမ်းရှောင်နေကြရသည်။

မယ့်ခါထာ စစ်ကောင်စီစခန်းသည် သံလွှင်မြစ်အတွင်း ဖြတ်သန်းသွားလာနေသည့် ဒေသခံစက်လှေများကို မကြာခဏ ပစ်ခတ်တိုက်ခိုက်သည့်စခန်းတစ်ခုဖြစ်ပြီး ၎င်းသံလွှင်မြစ်ဘေး၌ လက်ရှိတွင်လည်း စစ်ကောင်စီတပ်စခန်းများရှိကြသည်ဟုဖော်ပြထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ