Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ရဟတ်ယာဥ်များနှင့် လက်နက်ကြီးများဖြင့် ဗုံးကြဲ ပစ်ခတ်ခဲ့မှုကြောင့်သံဃာတော် ၂ ပါးနှင့်ပြည်သူ ၂ဦးသေဆုံး

ABN-နွယ်စိုး

ဇွန် ၂ ရက်

ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ထဲသို့ စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်များ၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သံဃာတော် ၂ ပါးနှင့် ပြည်သူ ၂ ဦး ကျည်ထိမှန်သေဆုံးခဲ့ကာ ကလေးငယ်တစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ဒေသတွင်း သတင်းများအရသိရသည်။

ကြာအင်းဆိပ်ကြီးမြို့အနီး၌ ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ် နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများဖြစ်ပွားနောက် စစ်တပ်က ရဟတ်ယာဉ်နှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ကြာအင်းဆိပ်ကြီးမြို့ထဲသို့ လက်နက်ကြီးကျည်များ ကျရောက်ကာ အမှတ် ၃ ရပ်ကွက်၊ မဏိရတနာ စာသင်တိုက်မှ သံဃာတော် ၂ ပါး၊ ပြည်သူ ၂ ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်းနှင့် ကလေးငယ်တစ်ဦး ဒဏ်ရာရခဲ့ကာ နေအိမ်များ ပျက်စီးသွားခဲ့ကြောင်း သိရသည်။

လက်ရှိမှာ အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဆက်လက် ရမ်းသမ်းပစ်ခတ်နေဆဲဖြစ်ကြောင်း သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ