Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကရင်ပြည်နယ်တွင် အာဏာသိမ်းစစ်ကောင်စီက တိုက်လေယာဥ်များဖြင့် ၉ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ သုံးထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်ရှောင်နေရ

ABN-ရာဟု

ကရင်ပြည်နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်က တိုက်လေယာဥ်များနှင့် ၉ကြိမ်တိုင်တိုင် လာရောက် တိုက်ခိုက်မှုကြောင့် ပြည်သူ သုံးထောင်ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်ရှောင်နေကြ ရကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU-ဗဟိုက မတ်လ ၂၂ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ကရင်အမျိုးသားအစည်းအရုံး KNU-ဗဟို ကော်သူလေးအုပ်ချုပ်ရေး တပ်မဟာ-၃ နယ်မြေများဖြစ်သည့် ဆောထိမြို့နယ်နှင့် လယ်ဒိုမြို့နယ်အတွင်းရှိ ကျေးရွာများကို မတ်လ ၂၀ရက်နေ့ ညနေ ၅နာရီ ၃၀မိနစ်က တိုက်လေယာဥ်များဖြင့် ၉ ကြိမ်ခန့်လာရောက်ကာ ဗုံး၂၈လုံးထက်မနည်းကြဲချခဲ့သည့်အတွက် အသက်၇၀ အရွှယ်ရှိ ဖူးကလယ်ထူး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး နေအိမ်၅လုံးနှင့် မူလတန်းစာသင်ကျောင်းတစ်ဆောင် မီးလောင်ပြာကျခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗုံးကြဲမှုကြောင့် ဆောထိမြို့နယ်မှ ကတက်ပူ၊ သေခိုစယ်ဒဲ၊ ထီးမော်ကွယ်ခီး စသောကျေး ရွာ၄ ရွာနှင့် လယ်ဒိုးမြို့နယ်မှ မူခီ၊ ပယောဆဲဒဲ၊ သဲခီး၊ဒိုဒေါ်ခီ၊ ထူးထာ၊ ဃဲဒဲ၊ တူဂေါ်စိုး၊ တကော်ဒဲ နှင့် သော်ငယ်ဒဲစတဲ့ကျေးရွာများ အပါအဝင် ကျေးရွာ ၁၇ ရွာ စုစုပေါင်းကျေးရွာ ၂၁ ရွာမှ ပြည်သူ ၃၁၉၅ ဦး ဘေးလွတ်ရာ နေရာများသို့ ထွက်ပြေးတိမ်ရှောင်နေကြရသည်ဟု ဖော်ပြထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ