ABN-ရာဟု
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ အာဏာသိမ်းစစ်ကောင်စီ၏ ကော့ဗိန်းနယ်မြေရဲစခန်းကို ဇန်နဝါရီ ၁၆ရက်နေ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခြင်းခံရကာ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သိရှိရသည်။
ကော့ဗိန်ရဲစခန်းမှာ ကောကရိတ်ရှိ အစွန်ဆုံးနယ်မြေရဲစခန်းတစ်ခုဖြစ်ပြီး ဇန်နဝါရီ၁၆ရက်နေ့၊ နေ့လည်ပိုင်းက KNLAနှင့်မဟာမိတ်တပ်များက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကာ စခန်းကိုပါမီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဖက်က ထိခိုက်ကျဆုံးမှုစာရင်းကို မသိရှိရသေးပေ။
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ဖက်တွင်လည်း တိုက်ပွဲများပြင်းထန်နေသဖြင့် ခရီးသွားယာဥ်များ သွားလာခြင်းမပြုလုပ်ရန် ဇန်နဝါရီလ ၁၆ ရက် ကနေ ၂၃ရက်နေ့အထိ တားမြစ်ထားကြောင်း ဇန်နဝါရီ၁၅ ရက်နေ့က နဂါးနီစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။

