Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကရင်ပြည်တွင် သုံးလအတွင်း စစ်ကောင်စီဘက်မှ လူ့အခွင့်ရေးချိုးဖောက်မှု အကြိမ် ၆၀၀ ကျော်ကျူးလွန်၊ ပြည်သူ ၄၀ ဦး သေဆုံးကြောင်း KNU ထုတ်ပြန်

ABN-မေအိအိအောင်

ကရင်ပြည်နယ်၊ ကော်သူလေးနယ်မြေတွင် ၃ လအတွင်း စစ်ကောင်စီဘက်မှ လူ့အခွင့်အရေးချိုးဖောက် ကျုးလွန်းသည့် အကြိမ်ပေါင်း ၆၀၀ ကျော်တွင် အရပ်သား သေဆုံးသူ ၄၀ ဦးရှိခဲ့ကြောင်း KNUက ထုတ်ပြန်လိုက်သည်။

၂၀၂၃ ခုနှစ် ၊ ဇန္နဝါရီလမှ မတ်လကုန်အထိ စစ်ကောင်စီဘက်မှ အကြမ်းဖက်ကျူးလွန်မှုပေါင်း ၆၂၈ ကြိမ်ကျူးလွန်ခဲ့ပြီး တိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူ ၄၀ ဦးသေဆုံးကာ ၂၅၀ နီးပါး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

စစ်ကောင်စီဘက်မှ ယင်း ၃ လအတွင်း လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု၊ ငွေကြေးတောင်းခံမှုများ၊ နေအိမ်ဖျက်ဆီးမီးရှို့မှုများ၊ ပြည်သူပိုင်ပစ္စည်းများကို အတင်းအဓမ္မယူဆောင်မှုများ၊ ဖမ်းဆီးသတ်ဖြတ်ခြင်းများ၊ ကျေးရွာရှိ ပြည်သူများသွားလာသည့်လမ်းတွင် မိုင်းထောင်ခြင်းများ၊ ပြည်သူများကို အတင်းအဓမ္မရွှေ့ပြောင်းခိုင်းခြင်းများနှင့် ပြည်သူပိုင် လယ်ယာစိုက်ပျိုးခြံများကို ဖျက်ဆီးခြင်းများကျုးလွန်းခဲ့သည်ဟု ထုတ်ပြန်ပါရှိသည်။

ထိုကဲ့သို့ အကြမ်းဖက်တိုက်ခိုက်မှုများတွင် လေကြောင်းဖြင့် ၁၁၆ ကြိမ်တိုက်ခိုက်ခဲ့ပြီး သေဆုံးသူ ၁၅ ဦးရှိပြီး ၂၀ ဦးထိခိုက်ဒဏ်ရာရခဲ့သည်။

လက်နက်ကြီးပစ်ခတ်မှု ၄၃၈ ကြိမ်ပစ်ခတ်ခဲ့ပြီး ပြည်သူ ၂၅ ဦးသေဆုံးကာ ၁၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU က ထုတ်ပြန်သည်။

၎င်းအပြင် ထိုကဲ့သို့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကျေးရွာတွင်းရှိ စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ ဘာသာရေးအဆောက်အအုံများနှင့် နေအိမ်များလည်းပျက်စိီးသွားကြောင်း ယမန်နေ့ကထုတ်ပြန်လိုက်သည့် ထုတ်ပြန်ချက်တွင်ပါသည်။

ကရင်ပြည်တွင် သုံးလအတွင်း စစ်ကောင်စီဘက်မှ လူ့အခွင့်ရေးချိုးဖောက်မှု အကြိမ် ၆၀၀ ကျော်ကျူးလွန်၊ ပြည်သူ ၄၀ ဦး သေဆုံးကြောင်း KNU ထုတ်ပြန်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ