Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကရင်နှင့်စစ်ကိုင်းတို့တွင် စစ်ကောင်စီက လက်နက်ကြီး၊ ရဟတ်ယာဥ်တို့ဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦးနှင့် နေအိမ်များ ပျက်စီးမှူဖြစ်

ABN-မေအိအိအောင်

ဇွမ် ၇ ရက်

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်နှင့် စစ်ကိုင်းတိုင်း ကလေးမြို့နယ်တို့တွင် စစ်ကောင်စီကပစ်သည့် လက်နက်ကြီးနှင့် လေကြောင့်ဖြင့် ဗုံကြဲတိုက်ခိုက်မှုတို့ကြောင့် အရပ်သား ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိပြီး စာသင်ကျောင်း ၊နေအိမ် ၊ ဥယျာဉ်ခြံများ ပျက်စီးသွားကြောင်း ဒေသတွင်း သတင်းများအရသိရသည်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ဆံဖလားကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲမှုကြောင့် စာသင်ကျောင်းနှင့် နေအိမ် ၄ လုံး ပျက်စီးခဲ့ကြောင်း KNU-ဗဟိုက ထုတ်ပြန်ထားသည်။

ယမန်နေ့ ဇွန်လ ၆ ရက်နေ့ နံနက် အစောပိုင်းတွင် ကော်သူးလေးအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် တပ်မဟာ ၆ ၊ ကော့ကရိတ်မြို့နယ်၊ ဆံဖလားကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာများဖြင့် ကျေးရွာအတွင်း လာရောက်ဗုံးကြဲချခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချခံရသည့် ဆံဖလားကျေးရွာမှ အခြေခံမူလတန်းစာသင်ကျောင်း ၁ ကျောင်းနှင့် ပြည်သူနေအိမ် ၄ လုံး အပါအဝင် ပြည်သူပိုင် ခြံစိုက်သီးပင်တစ်ချို့ ကျည်စထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့ ဇွန်လ ၆ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ထိုမာကျေးရွာတွင် စစ်ကောင်စီကပစ်သည့် လက်နက်ကြီးထိမှန်ပြီး ရွာသား ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဇွမ်လ ၅ ရက်နေ့တွင်လည်း ကလေးမြို့နယ်၊ တာဟန်းရပ်ကွက်၊ နယ်မြေ ၁၀ တွင်စစ်ကောင်စီက ရမ်းသမ်းပစ်လိုက်သည့် လက်နက်ကြီးထိမှန်ပြီး ၇ နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် အရပ်သားပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ