Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကရင်နီ ဖယ်ခုံတွင် စစ်ကောင်စီ၏ လက်နက်ကြီးကျည်ထိမှန်ပြီး ၁၀ တန်းကျောင်းသားတစ်ဦးနှင့် ညီဖြစ်သူ ပွဲချင်းပြီးသေဆုံး

ABN-မေအိအိအောင်

ကရင်နီပြည်နယ် ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ်က ပစ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး စာဖတ်နေသည့် ၁၀ တန်းကျောင်းသားတစ်ဦး နှင့် ညီဖြစ်သူတို့ ပွဲချင်းပြီးသေဆုံးသွားကြောင်း ဒေသသတင်းများအရသိရသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီ ၂၈ ရက်နေ့က ကယားပြည်နယ်၊ ဖယ်ခုံမြို့ အကြမ်းဖက်စစ်ကောင်စီအဖွဲမှ တိုက်ပွဲတစ်စုံတရာမရှိဘဲ ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးသွားခြင်းဖြစ်သည်။

သေဆုံးသွားသူညီအစ်ကိုမှာ ဖယ်ခုံ၊ ခေါင်းအိကျေးရွာအုပ်စုမှ အသက် ၁၉ နှစ်အရွယ် ၁၀ တန်းကျောင်းသားနှင့် အသက် ၁၅ နှစ်အရွယ် ညီအစ်ကိုတို့ဖြစ်ကြသည်။

ဖေဖော်ဝါရီ ၂၈ ရက်၊ ည ၇ နာရီ ၂၇ မိနစ်တွင် ပစ်လိုက်သည့် လက်နက်ကြီးကျည်မှာ ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင်ကျရောက်ပေါက်ကွဲပြီး ကျောင်းထဲ၌ စာဖတ်နေသည့် ညီအစ်ကို၂ ဦးအားထိမှန် သေဆုံးခြင်းဖြစ်သည်။

ထို့အပြင် ဖေဖော်ဝါရီ ၂၇ ရက်နေ့က အဆိုပါတပ်စခန်းမှ ပစ်သည့်လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ခေါင်းအိကျေးရွာအုပ်စု ဘုန်းတော်ကြီးကျောင်းတွင်ကျပြီး အသက် ၄၀ အရွယ်အမျိုးသားတစ်ဦး နှင့် ၈ နှစ်အရွယ် ကလေးတစ်းဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတွင်ဖော်ပြသည်။

အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ ရက်နေ့ကလည်း ကယား(ကရင်နီ)ပြည်နယ် ဒီမော့ဆိုမြို့နယ်မှ စစ်ရှောင်စခန်းသို့ တိုက်ပွဲမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးပစ်သည့် လက်နက်ထိမှန်ပြီး စစ်ရှောင်၂ နှစ်အရွယ် ကလေးရှိ မိခင်အမျိုးသမီးတစ်ဦးနှင့် ရွာသားတစ်ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ