Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကရင်နီပြည်နယ် မယ်စဲ့မြို့နယ်မှ ဒေသခံထောင်ချိီ ထိုင်း မယ်ဟောင်ဆောင်ဖက်သို့ စစ်ဘေးရှောင်

ကရင်နီပြည်နယ် မယ်စဲ့မြို့နယ်မှ ဒေသခံထောင်ချိီ ထိုင်း မယ်ဟောင်ဆောင်ဖက်သို့ စစ်ဘေးရှောင်

ABN-မေအိအိအောင်

ဇွန် ၁၆ ရက်

ကယား(ကရင်နီ)ပြည်နယ်၊ မယ်စဲ့မြို့နယ်မှ စကစ ၏ တပ်စခန်း ၃ခုနှင့် ရဲစခန်းတစ်ခုကို ကရင်နီပူးပေါင်းတပ်တို့ သိမ်းပြီးနောက် အဆိုပါ ဒေသရှိ ဒေသခံထောင်ချီ ထိုင်းဖက်သို့ စစ်ဘေးရှောင်းနေရကြောင်း ဒေသတွင်းသတင်းများအရသိရသည်။

စစ်ကောင်စီ၏ တပ်စခန်း ၃ ခုနှင့် ရဲစခန်းကို ကရင်နီတပ်တို့ သိမ်းပိုက်ခဲ့ပြီးနောက် မယ်စဲ့ဒေသမှ စစ်ဘေးရှောင် ၂ ထောင်ခန့် ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ဖက်သို့ တိမ်းရှောင်နေကြောင်းသိရသည်။

ယင်းအပြင် မယ်စဲ့မြို့ရှိ စစ်ကောင်စီ ဝန်ထမ်းများနေထိုင်သည့် ဝန်ထမ်းအိမ်ရာများကိုပါ စစ်ကောင်စီဖက်က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီဝန်ထမ်းများပါ ထိုင်းဖက်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

ထိုင်းဖက်သို့ ထွက်ပြေးတိမ်းရှောင်သူများတွင် မယ်စဲ့မြို့မှ ဒေသခံများသာမဟုတ်ပဲ ကရင်နီ ဒီမော့ဆို၊ ဖရူဆိုဘက်မှ ထွက်ပြေးတိမ်းရှောင်လာသူများလည်းပါဝင်ကြောင်း သတင်းများ၌ဖော်ပြထားသည်။

လက်ရှိတွင် ထိုကဲ့သို့ စစ်ရှောင်လာသည့် ကရင်နီ ပြည်နယ်မှ ဒေသခံများကို ထိုင်းဖက်မှ နေစရာနှင့် စားစရာများ စီစဉ်ပေးထားကြောင်းသိရသည်။

ထို့အပြင် ထိုင်းအာဏာပိုင်များက မြန်မာနိုင်ငံမှ စစ်ရှောင်လာသည့် စစ်ရှောင်ဒုက္ခသည် ၃၃၄၂ ဦးကို ကယ်ဆယ်ထားသည်ဟု Bangkok Post သတင်းဌာနတွင်ဖော်ပြထားသည်။

စခန်းသိမ်းခံရသည့် စစ်ကောင်စီဘက်မှ ဇွန်လ ၁၄ ရက်နေ့အထိ လက်နက်ကြီး၊ လက်နက်ငယ်များ​ဖြင့် ပစ်ခတ်ခြင်း ၊ လေကြောင်းဖြင့်တိုက်ခိုက်ခြင်းများဆက်တိုက်ပြုလုပ်လျက်ရှိခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့ထံမှ လက်နက် ခဲယမ်းမျိုးစုံနှင့် စစ်ရေး အကူအညီများရရှိခဲ့ကြောင်းနှင့် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် တိုက်ပွဲပေါင်း ၁၀၀၀ ကျော်ရှိခဲ့ကြောင်း KNDF တရားဝင်ထုတ်ပြန်