Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကရင်နီပြည်နယ် ဒီမော့ဆိုမြို့နယ်တွင် စကစ၏လက်နက်ကြီးထိမှန်၍ စစ်ဘေးရှောင် ၁ ဦးနှင့် ရွာသား ၁ ဦးသေဆုံးပြီး ဒေသခံ ၄ ဦး ဒဏ်ရာရ

ABN-နွယ်စိုး

ကယား(ကရင်နီ) ပြည်နယ်၊ ဒီမော့ဆိုမြို့နယ်တွင်ယမန်နေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့က တိုက်ပွဲတစုံတရာဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ဘေးရှောင်စခန်းများရှိသောနေရာများနဲ့ ကျေးရွာများအတွင်းထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်လိုက်သောကြောင့် ကျည်ထိမှန်ကာ စစ်ဘေးရှောင် ၁ ဦးနှင့် ရွာသား ၁ ဦး သေဆုံးခဲ့ပြီး ၄ ဦးခန့် ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။

ယမန်နေ့ ည ၈ နာရီမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီက ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှ စစ်ဘေးရှောင်များနေထိုင်သောနေရာသို့ လက်နက်ကြီး ၆ ကြိမ် ထိမှန်ပြီး စစ်ဘေးရှောင်အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး ၄င်း၏ ခင်းပွန်းဖြစ်သူနဲ့ အခြားသော အမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးသွားသည့် စစ်ဘေးရှောင်အမျိုးသမီးတွင် အသက် ၂ နှစ်ခွဲခန့်အရွယ် သား တစ်ယောက်ကျန်ရစ်ခဲ့ပြီး အဖွားဖြစ်သူ အသက် ၇၀ အရွယ်မှာလည်း လက်နက်ကြီးကျည်ဒဏ်ကြောင့် နှလုံးရောဂါဝေဒနာ ပြန်လည် ခံစားနေရသည် ဟု သိရသည်။

ယမန့်နေ့ နံနက်ပိုင်းကလည်း ဘော်လခဲအခြေစိုက် စစ်ကောင်စီတပ်က ဒီမော့ဆိုမြို့နယ်၊ အရှေ့ဖက်ခြမ်းရှိ ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၇၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အခြား ၂ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ထုတ်ပြန်ထားသည်။

၄င်းအပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်ကလည်း ဖယ်ခုံမြို့နယ် အခြေစိုက် စကခ-၇ တပ်က ပင်လောင်းမြို့နယ်အတွင်းမှ ကျေးရွားများဖက်ကကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် တောင်စလုံးကျေးရွာမှ အသက် ၄၆ နှစ် အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ