Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကရင်နီပြည်နယ်ရှိ စကစ၏ မယ်စဲ့ရဲစခန်းနှင့် တောင်လှတပ်စခန်းကို ကရင်နီပူးပေါင်းတပ်တို့ တိုက်ခိုက်သိမ်းပိုက်

ABN-မေအိအိအောင်

ဇြန္လ ၁၃ ရက်

ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ စစ်ကောင်စီတို့၏ တောင်လှတပ်စခန်းနှင့် မယ်စဲ့ရဲစခန်းကို ကရင်နီ ပူးပေါင်းတပ်တို့ တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ဒေသတွင်းသတင်းများအရသိရသည်။

မြန်မာ-ထိုင်းနယ်စပ်တွင်ရှိသည့် အဆိုပါတပ်စခန်းနှင့် ရဲစခန်းကို ကရင်နီပူးပေါင်းတပ် (KA) ကရင်နီတပ်မတော်၊( KNDF) ကရင်နီအမျိုးသားကာကွယ်ရေးတပ်တို့က ယနေ့ ဇွန်လ ၁၃ ရက်နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အကျအရှုံးများ၍ လေယာဉ်ဖြင့်ပစ်ကူးခဲ့သည့်အပြင် မယ်စဲ့မြို့ထဲသို့ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ကြောင်းသိရသည်။

ယင်းအပြင် ၎င်းတိုက်ပွဲအတွင်း လက်နက်တချို့ကိုလည်း ကရင်နီပူးပေါင်းတပ်များက သိမ်းဆည်ရမိကြောင်းသိရသည်။

လက်ရှိတွင် ကရင်နီပြည်နယ် သံလွင်အရှေ့ဘက်ခြမ်းရှိ စစ်ကောင်စီ၏ တပ်စခန်းများရှိသည့်နေရာများတွင်လည်း တိုက်ပွဲများပြင်းထန်နေကြောင်းနှင့် စစ်ကောင်စီဘက်မှ အထိနာ၍ ဂျက်တိုက်လေယာဥ်များ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့် အဆက်မပြတ်တိုက်ခိုက်နေကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ