Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကရင်နီတွင် မွေးကင်းစ စစ်ဘေးရှောင်ကလေး တစ်ဦး စစ်ကောင်စီ၏ လက်နက်ကြီးကျည်ကြောင့် သေဆုံးမှုဖြစ်

ကရင်နီတွင် မွေးကင်းစ စစ်ဘေးရှောင်ကလေး တစ်ဦး စစ်ကောင်စီ၏ လက်နက်ကြီးကျည်ကြောင့် သေဆုံးမှုဖြစ်

ABN-ထက်မြတ်ခင်

အောက်တိုဘာ ၂၄ရက်

စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒီမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းမှ မွေးကင်းစကလေးငယ်တစ်ဦး သွေးလန့် သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းများအရသိရသည်။

လွိုင်ကော်အမြောက်တပ်နှင့် ဒီမော့ဆိုအခြေစိုက် စစ်ကောင်စီတပ်ရင်းမှ ပြီးခဲ့သည့် အောက်တိုဘာ တတိယအပတ်အတွင်းလက်နက်ကြီး အဆက်မပြတ် ပစ်ခတ်မှုကြောင့် ၇ ရက်သား မွေးကင်းစ ကလေးငယ်တစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။

လက်နက်ကြီးကြောင့် သေဆုံးသွားသည့် မွေးကင်းစကလေးငယ်ကို မြေမြှုပ်သဂြိုဟ်ပြီး မိဘဖြစ်များကိုလည်း ဘေးလွတ်ရာသို့ ရွေ့ပြောင်းထားကြောင်းသိရသည်။

ကယားပြည်နယ်အတွင်း၌ စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၁၀ကျော်သေဆုံးသွားပြီဖြစ်ကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ