Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကရင်နီတွင် စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းဖြင့် ၄ ကြိမ်တိုက်ခိုက်၊ ကလေးအပါအဝင်မိသားစုဝင် ၃ ဦးဒဏ်ရာရ

ABN-မေအိအိအောင်

ဇူလိုင် ၄ ရက်

ကရင်နီ (ကယား) ပြည်၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းဖြင့်တိုက်ခိုက်၍ ကလေးအပါအဝင် မိသားစုဝင် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ယနေ့ ဇူလိုင်လ ၄ ရက် နံနက်အစောပိုင်း ၂ နာရီခန့်တွင် ဒီမော့ဆိုမြို့နယ် ၊အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီက လေကြောင်းဖြင့် ၄ ကြိမ်ခန့် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

အဆိုပါ စစ်ဘေးရှောင်များ ယာယီစခန်းအတွင်း အိပ်မောကျနေချိန်တွင် စစ်ကောင်စီက လေကြောင်းဖြင့်လာကြဲသည့်အတွက် ပြေးဝပ်ရန်အချိန်မရလိုက်ဖြစ်ကာ ထိုကဲ့သို့ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အဆိုပါ စစ်ရှောင်ယာယီစခန်းအတွင်း အိပ်မောကျနေသည့် အသက် ၃ နှစ်အရွယ်ကလေးတစ်ဦး အပါအဝင် မိသားစုဝင် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထိုကဲ့သို့ စစ်ကောင်စီမှ လေယာဉ်ဖြင့် လာရောက်ပြီး ဗုံးကြဲချမှုကြောင့် စစ်ဘေးရှောင်စခန်း အချို့ ပျက်စီးမှုရှိခဲ့ပြီး စာသင်ကျောင်းဆောင်လည်း ပျက်စီးခဲ့ကြောင်း သိရသည်။

လက်ရှိ ဗုံးကြဲတိုက်ခိုက်ခံရသည့် စစ်ဘေးရှောင်စခန်းရှိ စစ်ရှောင်များမှာလည်း နီးစပ်ရာဆွေးမျိုးနှင့် တောတောင်အတွင်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ယမန်နေ့ ဇူလိုင်လ ၃ ရက်နေ့တွင်လည်း တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ အရှေ့မော်တုံးကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့၍ ကလေးတစ်ဦးနှင့် သက်ကြီးပိုင်းအရွယ် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ