Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကရင်နီတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် ဘုန်းကြီးကျောင်းတစ်ကျောင်းပျက်စီးပြီး အရပ်သား တစ်ဦးမှာလည်း စကစက ပစ်သတ်၍ သေဆုံး

ABN-မေအိအိအောင်

ဇူလိုင် ၂၇ ရက်

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် စစ်ကောင်စီက လက်နက်ကြီးများဖြင့်ပစ်ခတ်၍ ဘုန်းကြီးကျောင်းတစ်ကျောင်း ပျက်စီးခဲ့ပြီး ပြည်သူတစ်ဦးကိုလည်း ပစ်သတ်ခဲ့ကြောင်း ဒေသတွင်းသတင်းအရသိရသည်။

ယမန်နေ့ ဇူလိုင် ၂၆ ရက်နေ့တွင် လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

လက်နက်ကြီးပစ်သည့် စစ်ကောင်စီတပ်မှာ အမြောက်တပ် ၃၅၆ တပ်ကပစ်ခြင်းဖြစ်ပြီး ယင်းကပစ်သည့် လက်နက်ကြီးကြောင့် နွားလဝိုး တောင်တန်းသာသနာပြု ဘုန်းကြီးကျောင်းတစ်ကျောင်းလုံး ပျက်စီးခဲ့သည်။

ယင်းအပြင် နွားလဝိုး စက်မှုဇုံလမ်းခွတွင် အရပ်သားတစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၈ ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား ထိတိုက်မှုများရှိခဲ့ကား အဆိုပါလမ်းနှင့် လွိုင်ကော်-ဆီဆိုင်လမ်းမကြီးအား အသုံးပြုသွားလာကြမည့် ပြည်သူများအနေဖြင့် ဇူလိုင်လ(၁၈)ရက်နေ့မှစ၍ ဇူလိုင်လ (၂၈)ရက်နေ့အထိ ကားကြီးများလုံးဝသွားလာခြင်း မပြုလုပ်ကြရန်နှင့် ကားငယ်များဖြင့် မဖြစ်မနေ သွားလာရန် လိုအပ်ပါက ကားမှန်များချထားပြီး သွားပေးကြရန် ပြည်သူ့ကာကွယ်ရေးတပ်က အသိပေးထုတ်ပြန်ထားသည်။

အလားတူ ယမန်နေ့ ဇူလိုင် ၂၆ ရက်နေ့တွင်ပင် မကွေးတိုင်း၊ မြိင်မြို့နယ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ လက်နက်ကြီးကြောင့် တွင်းမရွာမှ အသက် ၃၀ အရွယ် အမျိုးသမီး တစ်ဦးနှင့် ၁၃ နှစ်အရွယ် ကလေးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်နေ့တွင်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်တွင် စစ်ကောင်စီက ပစ်သည့် လက်နက်ကြီးကြောင့် ပြည်သူတစ်ဦးသေဆုံးခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ