Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကရင်နီတွင် စစ်ကောင်စီက ပစ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး မိသားစု ၃ ဦးထိခိုက်ဒဏ်ရာရ

ABN-မေအိအိအောင်

ကရင်နီ လွိုင်လင်လေးမြို့တွင် စစ်ကောင်စီကပစ်လိုက်သည့် လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲမှုကြောင့် မိသားစု ၃ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်းသိရသည်။

ဒဏ်ရာရသွားသည့် မိသားစု၀င်များမှာ ဦးကျော်၀င်း အသက် ၃၆ နှစ်၊ ဒေါ်မေဇင်ညွန့် အသက် ၃၈ နှစ်နှင့် မသန်းသန်းစိုး အသက် ၂၁ နှစ်တို့ဖြစ်ကြသည်။

လွိုင်လင်လေး​မြို့အတွင်း စစ်ပွဲတစုံတရာ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်သဖြင့် ယမန်နေ့ ဇန်န၀ါရီ ၁၅ ရက်နေ့ နေ့လည် ၃ နာရီခန့်တွင် ဦးကျော်၀င်းတို့ နေအိမ်ခြံအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယမန်နေ့ ဇန်န၀ါရီ ၁၅ ရက်နေ့တွင် ကရင်နီပြည်နယ် လွိုင်ကော်မြို့တွင် စစ်ကောင်စီကကျင်းပသည့် ၇၁ နှစ်မြောက် ကရင်နီ (ကယား)ပြည်နယ်နေ့ အခမ်းအနားကို လက်နက်ကြီးပစ်ခတ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက လက်နက်ကြီးများ၊ တိုက်လေယာဥ်များဖြင့် ပြန်လည် ရမ်းသမ်းပစ်ခဲ့ကြောင်းသိရသည်။

ကရင်နီတွင် စစ်ကောင်စီက ပစ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး မိသားစု ၃ ဦးထိခိုက်ဒဏ်ရာရ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ