Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကရင်တွင် ၂ ရက်တာ တိုက်ပွဲအတွင်း အာဏာသိမ်းစစ်ကောင်စီဖက်က ၂၄ ဦးသေဆုံးပြီး လက်နက်များစွာ သိမ်းဆည်းရမိကြောင်း သိရ

ကရင်တွင် ၂ ရက်တာ တိုက်ပွဲအတွင်း အာဏာသိမ်းစစ်ကောင်စီဖက်က ၂၄ ဦးသေဆုံးပြီး လက်နက်များစွာ သိမ်းဆည်းရမိကြောင်း သိရ

ABN-နွယ်စိုး

ကရင်ပြည်နယ် မြဝတီမြို့နယ် မဲကနယ်ရွာတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့များနှင့် ကရင်လက်နက်ကိုင်ပူးပေါင်းစစ်ကြောင်းတို့ ဧပြီလ ၁၈၊ ၁၉ ၂ ရက်တာတိုက်ပွဲအတွင်း၌ စစ်ကောင်စီဖက်က ၂၄ ဦးသေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်နေ့ ညနေသန်းခေါင်းယံအချိန်တွင် မဲကနယ်ရွာအနီး ကျောက်မိုင်းဒေသမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပစ်ကူယူ၍ နံနက် ၅ နာရီခန့်တွင် စစ်ကြောင်းထိုးလာစဥ် ကရင်လက်နက်ကိုင်တပ်ဖွဲ့များနှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်မှ ၄ ဦးသေဆုံးခဲ့၍ ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ဆက်လက်၍ ဧပြီလ ၁၉ ရက်နေ့တွင်လည်း တိုက်ပွဲ ဖြစ်ပွားခဲ့မှုကြောင့် အကြမ်းဖက်စစ်ကောင်စီဖက်က ၂၀ ဦး သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့မှ ၂ ဦးကျဆုံးခဲ့ကာ ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

ထိုတိုက်ပွဲအတွင်း အာဏာသိမ်းစစ်ကောင်စီဘက်မှတပ်များမှာ ခလရ ၂၇၅၊ ခမရ ၃၅၅ ၊ခလရ ၁၀၂၊ ခလရ၁၀၇ ၊BGF ၁၀၁၉ တပ်ရင်းတို့ဖြစ်ပြီး တော်လှန်ရေး အင်အားစုများဖက်မှ KNU/KNLA တပ်မဟာ ၆၊ ကော်ဘရာစစ်ကြောင်း ၂ ကြောင်း၊ကျားသစ်နက်စစ်ကြောင်း၊ Federal Wings Golden Eagle တို့ ပူပေါင်းတပ်ဖွဲ့များဖြစ်ကြောင်းသိရသည်။

ထို့အပြင် ၂ ရက်တာတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကြောင်စီဖက်မှ လက်နက်ကြီးများဖြင့် ဆက်တိုင်းပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လေကြောင်းဖြင့်လည်း ၅ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားသည့်နေရာတွင်လ စစ်ရေးတင်းမာမှုများဖြစ်နေကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ