
ABN-နွယ်စိုး
ကိုဗစ်ရောဂါအခြေအနေကြောင့် ၃ နှစ်ကြာ သွားလာခွင့် ယာယီပိတ်ထားခဲ့သည့် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့မှ တာချီလိတ်-မယ်ဆိုင် အမှတ်(၁) ချစ်ကြည်ရေး တံတားကို ယနေ့ ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းမှစ၍ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ၄င်း၏တံတားကို ပြန်လည်ဖွင့်လှစ်ပြီးနောက် ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ် (တံတားကူးစာရွက်) များကိုလည်း ပြုလုပ်ပေးလျက် ရှိကြောင်း သိရသည်။
အဆိုပါ တံတားပြန်လည်ဖွင့်လှစ်ရာ၌ နှစ်နိုင်ငံတာဝန်ရှိသူများမှ သတ်မှတ်ထားသည့်အတိုင်း ဖွင့်လှစ်ပေးခဲ့ပြီးနောက် မြန်မာနိုင်ငံဘက်ခြမ်းတွင်လည်း အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ခြင်းနှင့် တရားနာခြင်းများကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယနေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည့် တာချီလိတ်-မယ်ဆိုင် အမှတ်(၁) ချစ်ကြည်ရေးတံတားကို နေ့စဥ် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိသာလျှင် ဖြတ်သန်းသွားလာခွင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါတံတားသည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ၊မယ်ဟောင်ဆောင်ခရိုင် မယ်ဆိုင်မြို့တို့ကို ဆက်သွယ်ထားသည့် ထိုင်း-မြန်မာနယ်စပ် တာချီလိတ်-မယ်ဆိုင် အမှတ်(၁) ချစ်ကြည်ရေးတံတားမှာ နှစ်နိုင်ငံ ကူးသန်းသွားလာရေးအတွက် အရေးပါသည့် တံတားတစ်စင်းဖြစ်ကြောင်း သိရသည်။





