Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကချင်ပြည်နယ်၊ ဖားကန့်တွင် စစ်ကောင်စီတပ်စခန်းကို KIA က တိုက်ခိုက်သိမ်းပိုက်၊ ၊စစ်ကောင်စီ အရာရှိအပါအဝင် ၅ ဦးသေဆုံးပြီး အများပြားဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်တွင် စစ်ကောင်စီတပ်စခန်းကို KIA က တိုက်ခိုက်သိမ်းပိုက်၊ ၊စစ်ကောင်စီ အရာရှိအပါအဝင် ၅ ဦးသေဆုံးပြီး အများပြားဒဏ်ရာရ

ABN-မေအိအိအောင်

ဇူလိုင် ၂၁ ရက်

ကချင်ပြည်နယ် ၊ဖားကန့်မြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်းတစ်ခုကို KIA ကစီးနင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ အရာရှိများအပါအဝင် ၅ ဦးသေဆုံးကာ ဒဏ်ရာရရှိသူ အများရှိကြောင်း 7stars News သတင်း အရသိရသည်။

ယနေ့ ဇူလိုင်လ ၂၁ ရက် နံနက် ၂ နာရီခန့်တွင် ဖားကန့်မြို့နယ်ရှိ ပန်းတင်တံတား စစ်ကောင်စီ တပ်စခန်းကို KIA တပ်ရင်း ၆ တပ်ဖွဲ့က စီးနင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ စခန်းသိမ်းတိုင်ပွဲအတွင်း စစ်ကောင်စီဖက်မှ အရာရှိတစ်ဦးနှင့် တပ်သား ၄ ဦးသေဆုံးခဲ့သည့်အပြင် ပြင်းထန်ဒဏ်ရာရသူ ၃ ဦးနှင့် အခြားဒဏ်ရာရသူများလည်းရှိကြောင်းသိရသည်။

ယင်းအပြင် တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လက်နက်ခဲယမ်းအများအပြားကို KIA ကသိမ်းပိုက်နိုင်ခဲ့ကြောင်းလည်း သတင်းရင်းမြစ်တွင်ဖော်ပြထားသည်။

ပန်းတင်တံတား တပ်စခန်းတွင် စစ်ကောင်စီတပ်သား ၄၀ ကျော်ခန့်ရှိပြီး အဆိုပါ အဖွဲ့မှ လမ်းသွားလမ်းလာ ပြည်သူများကို ကြမ်းကြမ်းတမ်းတမ်း စစ်ဆေးမှုများ ပြုလုပ်လေ့ရှိသော တပ်စခန်းတစ်ခုလည်းဖြစ်သည်။

စခန်းသိမ်းတိုက်ပွဲကို KIA ဖက်မှ လက်နက်ကြီးများ၊ ၄၀ မမ လက်ထောက်ဗုံးသီးများဖြင့် တရစပ်ပစ်ခတ် ထိုးစစ်ဆင်ခဲ့ပြီး စစ်ကောင်စီဖက်မှလည်း တန်ပြန်တိုက်ခိုက်ခဲ့ရာ ၂ နာရီကျော်ကြာ တိုက်ခိုက်ပြီးနောက် စစ်ကောင်စီ တပ်စခန်းကို KIAက သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည််ဟု သိရသည်။

၎င်းတိုက်ပွဲအတွင်း KIA ဘက်မှ ဒဏ်ရာရရှိသူများလည်းရှိကြောင်းသိရသည်။

ယင်းအပြင် နှစ်ဘက် ပစ်ခတ်နေချိန် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပြည်သူများနေထိုင်သည့် နေရာများသို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုများလည်းရှိခဲ့ကာ လက်နက်ကြီးကျည်ကျကွဲကာ ဒဏ်ရာရရှိသည့် ပြည်သူများလည်းရှိကြောင်းသိရသည်။

ကချင်ပြည်နယ် ဖားကန့်ဒေသတွင် စစ်ကောင် စီ တပ်ဖွဲ့က KIA ဝန်ထမ်းများ နှင့် KIA နှင့် ဆက်နွယ်သူများကို လိုက်လံဖမ်းဆီးမှုများကို ခပ်စိပ်စိပ် လုပ်ဆောင်ခဲ့ပြီးနောက်ပိုင်း ယခု တိုက်ခိုက်မှုသည် KIA ဘက်မှ တန်ပြန်သည့် ဦးဆုံးသော စခန်းသိမ်း တိုက်ပွဲလည်းဖြစ်ကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ