Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကချင်​ပြည်နယ်တွင် အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရ၍ သေဆုံး

ABN – သူရမောင်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နောင်တာလောကျေးရွာ၌ အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရ၍ သေဆုံသွားခဲ့ရသည်ဟု ဗမာပြည်သတင်းများအရ သိရသည်။

ဖေဖော်ဝါရီ ၂၁ ရက်၊ နံနက် ၅ နာရီခွဲခန့်တွင် နောင်တာလောကျေးရွာအရှေ့ဘက်၊ အုတ်ဖုတ်လုပ်သားများ နေထိုင်သည့် တန်းလျားတစ်ခု၌ ဖခင်ဖြစ်သူ အလုပ်သွားစဥ် အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးတည်း ကျန်ရစ်ခဲ့ပြီး ဖခင်ဖြစ်သူ ပြန်လာချိန်တွင် ကလေးငယ်မှာ ပျောက်ဆုံးနေခဲ့ကြောင်း သိရသည်။

ထို့နောက် ဖခင်ဖြစ်သူနှင့် အခြားလုပ်ဖော်ကိုင်ဖက်များမှ ရှာဖွေခဲ့ကြရာ သိမ်ကြီးစုချောင်း ကမ်းနားဘေးတွင် ညနေ ၅ နာရီကျော်ခန့်က အဝတ်ဗလာဖြင့် သေဆုံးနေသည်ကို တွေ့ခဲ့ကြကြောင်း သိရသည်။

ကလေးငယ်အား အဓမ္မမှု ကျူးလွန်ခဲ့သူမှာ အုတ်ဖုတ်လုပ်သား မဲလုံး (ခ) ပေါက်ခေါ (ခ) စိုးလင်းဆိုသူဖြစ်ပြီး ၎င်းအား ထိုနေ့၌ပင် ဖမ်းဆီးရမိခဲ့ပြီး ဝိုင်းမော်မြို့နယ်၊ မြို့မရဲစခန်းက (ပ)၁၉/၂၀၂၃ ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ – ၃၇၆ /၃၀၂ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ‌ဒေသတွင်းသတင်းအရင်းအမြစ်မှ သိရသည်။

သေဆုံးသူ ကလေးငယ်၏ ရုပ်အလောင်းအား ဖေဖော်ဝါရီ ၂၂ ရက်က မြေမြှပ်သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

Credit ယနေ့ခေတ်

ကချင်​ပြည်နယ်တွင် အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရ၍ သေဆုံး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ