ABN – မေအိအိအောင်
ဇန်နဝါရီ ၄ ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် စုပေါင်းရုံးတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်၊ နံနက်ပိုင်းကပြုလုပ်သည့် လွတ်လပ်ရေးနေ့ အခမ်းအနားကို KIA နှင့် PDF တပ်ဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ ပွဲပျက်သွားကြောင်း သိရသည်။
စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးယန္တရားနှင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည့် ၇၅ နှစ် မြောက်စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပနေချိန်တွင် KIA တပ်မဟာ ၉ ၊ အမှတ် ၆ တပ်ရင်းတပ်ဖွဲ့များနှင့် ဖားကန့်မြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တို့က လက်နက်ကြီး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအတွင်း ရဲတစ်ဦးသေဆုံးသွားပြီး ၄ ဦးထိခိုက်ဒဏ်ရာရသွားခဲ့သည့်အပြင် စုပေါင်းရုံးအတွင်း ရပ်ထားသည့် ကားတစ်စီးမှာလည်း မီးလောင်သွားသည်ဟု သိရသည်။
