ဓာတ်ပုံသတင်း
ABN-မေအိအိအောင်
ယခု ၂၀၂၃ ခုနှစ် ဖေဖော်၀ါရီ ၇ ရက်နေ့တွင် ကျရောက်သည့် ၇၆ ကြိမ်မြောက်သျှမ်းအမျိုးသားနေ့ကို သျှမ်းပြည် လွိုင်တိုင်းလျန်းတွင် ကျင်းပကြောင်း ဒေသတွင်းသတင်းများအရသိရသည်။
၇၆ ကြိမ်မြောက် သျှမ်းအမျိုးသားနေ့ အခမ်းအနားကို သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဌာနချုပ် လွိုင်တိုင်းလျန်းတွင် ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။
ထိုပွဲကို ရခိုင်မှ ALP ခေါင်းဆောင်းတစ်ဦးဖြစ်သည့် ဒေါ်စောမြရာဇာလင်းလည်း တက်ရောက်နေသည်ကိုတွေ့ရသည်။
ဓာတ်ပုံ-Sai Moung Harn







