ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၏ ၆၀ နှစ်ပြည့် တော်လှန်ရေးနေ့အခမ်းအနားကို TNLA ထိန်းချုပ်နယ်မြေထဲတွင် ယမန်နေ့ ဇန်နဝါရီ ၁၂ ရက်နေ့က ကျင်းပကြောင်း သိရသည်။
နှစ်(၆ဝ)ပြည့် တအာင်းအမျိုးသား တော်လှန်ရေးနေ့ အခမ်းအနားသို့ PDF အဖွဲ့များမှ သဝဏ်လွှာများပေးပို့ခဲ့ကြပြီး၊ ညီနောင်မဟာမိတ်တပ်ဖွဲ့ များဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်မတော် MNTJP/MNDAA နှင့် ရက္ခိုင့်တပ်တော် ULA/AA တို့ ပေးပို့လာသော ဂုဏ်ပြုသဝဏ်လွှာကို TNLA ၏ စစ်ဦးစီးအရာရှိချုပ် ဗိုလ်မှူးကြီး တားနောရိူန်းက ဖတ်ကြားခဲ့ကြောင်းသိရသည်။
အခမ်းအနားကို လူဦးရေ ၂၀၀၀ ကျော်တက်ရောက် ဂုဏ်ပြုပေးခဲ့ကြကြောင်း TNLA သတင်းပြန်ကြားရေးမှ သိရသည်။
ဓါတ်ပုံ – PSLF/TNLA














