သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မူးယစ်ဆေးဝါးဖမ်းဆီးမှုနှင့်ပတ်သက်၍ စစ်ကောင်စီ၏ စွပ်စွဲချက် လုံးဝ ယုတ္တိမရှိသည့် နိုင်ငံရေးသိက္ခာချ မှုတစ်ခုသာဖြစ်ကြောင်း ULA ထုတ်ပြန်

AB News-မတ်လ ၂၀၊ ၂၀၂၅

၂၀၁၅ ခုနှစ်၊ မတ်လ ၁၈/၁၉ ရက်နေ့များတွင် အကြမ်းဖက် စစ်ကောင်စီ၏ ဝါဒဖြန့်ချီရေး သတင်းမီဒီယာများတွင် အာရက္ခတပ်တော်အား မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ စွပ်စွဲချက်မှာ လုံးဝ ယုတ္တိမရှိသည့်အပြင် နိုင်ငံရေးသိက္ခာချမှု တစ်ခုသာဖြစ်ကြောင်း မတ်လ ၁၉ ရက်နေ့ နေ့စွဲဖြင့် ULA က ထုတ်ပြန်လိုက်သည်။

ထုတ်ပြန်ချက်တွင် “ဖက်ဆစ်အကြမ်းဖက် စစ်ရာဇဝတ်တပ် စစ်ကောင်စီ၏စွပ်စွဲချက်ဖြစ်သော မူးယစ်ဂိုဏ်း တစ်ခုမှ မူးယစ်ဆေးဝါး ဖမ်းမိသောကိစ္စရပ်ထဲတွင် မိမိတို့အဖွဲ့အစည်းအား မဆီမဆိုင်အတင်းယိုးစွပ်သည့် စွပ်စွဲချက်တစ်ခုသာဖြစ်သည်” ဟု ဖော်ပြထားသည်။

ရက္ခိုင်စစ်မျက်နှာတွင် စစ်ရေးအရ စစ်ရှုံးနေသည့် စစ်ကောင်စီတပ်သည် အာရက္ခတပ်တော်ကို အငြိုးကြီးစွာ ထိုးနှက်တိုက်ခိုက်မှုတစ်ခုလည်းဖြစ်ကြောင်း ပြောဆိုထားသည်။

ဒုစရိုက်မှုများ၊ မူးယစ်ဆေးဝါးကိစ္စများအပြင် ခေတ်သစ်အွန်လိုင်းလိမ်လည်လောင်းကစားများသည် စစ်ကောင်စီ ထိန်းချုပ်ထားသည့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး စသည့် မြို့များအတွင်း စစ်ဗိုလ်ချုပ်ကြီးများ ပိုင်ဆိုင်သည့်နေရာများတွင် တွေ့ရသည်ဟုလည်း ULA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ခေတ်အဆက်ဆက် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုများအား လုပ်လေ့လုပ်ထရှိသည့်နိုင်ငံရေးယုတ်မာမှုသာဖြစ်ကြောင်းလည်း ဆိုထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် မြန်မာနိုင်ငံအနှံ့အပြားတွင် ၎င်းတို့၏ တိုင်းစစ်ဌာနချုပ်များ၊ ဗျူဟာစခန်းများ၊ တပ်မ၊ တပ်ရင်းဌာနချုပ်များ ဆုံးရှုံးနေချိန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ကို နိုင်ငံရေး အောက်လုံးများဖြင့် ထိုးနှက်ပြီး နိုင်ငံရေးသိက္ခာချမှုပြုလုပ်ကာ ၎င်းတို့၏အပြစ်ကိုလွှဲချသည့် လုပ်ရပ်သာဖြစ် ကြောင်း ULA က တုန့်ပြန်ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ