Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီထံ တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများအနေဖြင့် ယခင် လာဘ်ပေးလာဘ်ယူ အဂတိလိုက်စားမှုအကျင့်များကို အခွံခွာချပြီး ULA အစိုးရထံ ပူးပေါင်းတာဝန်ထမ်းဆောင်ကြရန် အာရက္ခတပ်တော် တပ်မှူးချုပ် ဖိတ်ခေါ်

စစ်ကောင်စီထံ တာဝန်ထမ်းဆောင်ခဲ့သည့် တတ်သိကျွမ်းကျင် ပညာရှင်များ၊ အရာရှိ ဝန်ထမ်းများအနေဖြင့် ယခင် လာဘ်ပေးလာဘ်ယူ အဂတိလိုက်စားမှုအကျင့်များကို အခွံခွာချပြီး ULA အစိုးရထံ ပူးပေါင်းတာဝန်ထမ်းဆောင်ကြရန် ၁၅ နှစ်မြောက် အာရက္ခတပ်တော်နေ့ အခမ်းအနားသို့ အာရက္ခတပ်တော် တပ်မှူးချုပ်မှ ပေးပို့သော သဝဏ်လွှာတွင် ဖိတ်ခေါ်ထားသည်ကို တွေ့ရှိရသည်။

၁၅ နှစ်မြောက် အာရက္ခတပ်တော်နေ့ အခမ်းအနားသို့ အာရက္ခတပ်တော် တပ်မှူးချုပ်မှ ပေးပို့သော သဝဏ်လွှာတွင် ” ကဏ္ဍအလိုက် လုပ်ငန်းပိုင်ဆိုင်ရာ ကျွမ်းကျင်မှုရှိသည့် လူငယ်လူရွယ်များနှင့် ပညာရှင်များ၏ စွမ်းရည်များ လိုအပ်သည့်အပြင် ယခင်အစိုးရလက်ထက်က ယခင်အစိုးရဖက်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် တတ်သိကျွမ်းကျင် ပညာရှင်များ၊ အရာရှိဝန်ထမ်းများအနေဖြင့် ULA အစိုးရထံ တာဝန်ထမ်းဆောင်လိုပါက လာဘ်ပီးလာဘ်ယူ အဂတိလိုက်စားသည့် အကျင့်ဆိုးများကို ဦးစွာပထမ အခွံခွာချပြီး ULA အစိုးက ချမှတ်ထားသည့် မူဝါဒ စည်းကမ်းကျင့်ဝတ်များနှင့်အညီ လာရောက်ပူးပေါင်းတာဝန်ထမ်းဆောင်ကြရန် ဖိတ်ခေါ်ပါသည်” ဟု ဖော်ပြထားသည်။

အာရက္ခတပ်တော် တပ်မှူးချုပ်

အာရက္ခတပ်တော်သည် စစ်​မြေပြင်၌ အောင်မြင်မှုများနှင့်အတူ မြို့ရွာများကို သိမ်းပိုက်ရရှိထားပြီး မြို့ပြများကို စနစ်တကျစီမံရန် အုပ်ချုပ်ရေးလုပ်ငန်းများ၊ ပြည်သူ့ဝန်ဆောင်မှု၊ အစိုးရယန္တရားဌာနများကို ကောင်းမွန်စွာ လည်ပတ်နိုင်ရန်အတွက် လူ့အရင်းအမြစ်များ လိုအပ်ချက်ရှိကြောင်း သိရှိရသည်။

အစိုးရလုပ်ငန်းများ လည်ပတ်ရန် အရင်းအမြစ်များ မလုံလောက်သည့်အချိန်တွင် အဆင်မပြေမှု အခက်အခဲများ ရှိနိုင်ကြောင်း ကြိုတင်အသိပေးထားသည်ကို တွေ့ရသည်။

ရက္ခိုင်ဒေသအတွင်း ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှ စတင်ကာ အာရက္ခတပ်တော်သည် စစ်ကောင်စီ၏ တပ်စခန်းများ၊ တပ်ရင်းများ၊ ဗျူဟာများကို ယနေ့အချိန်ထိ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။

ယခု လက်ရှိတွင် အာရက္ခတပ်တော်သည် အကြမ်းဖက်စစ်ကောင်စီကို တိုက်ထုတ်ပြီး ရက္ခိုင်ပြည်ရှိ မြို့ ၁၇မြို့အနက် မြို့ ၉မြို့ကို အလုံး သိမ်းပိုက်ထိန်းချုပ်လိုက်သည်။အာရက္ခတပ်တော် သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့ ၉မြို့တွင် အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် မြို့အတွင်း စည်ပင်သာယာရေး လုပ်ငန်းများကို ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရသည်။

#ABN#AA

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ