ဘာသာပြန်သတင်း
ဘင်္ဂလားဒေ့ရှ်၊ ဒုက္ခသည်စခန်းများရှိ မူဆလင်စစ်သွေးကြွများထံ ထောက်ပံ့ပေးနေသည့်လက်နက်များမှာ ပါကစ္စတန်မှ ပို့ပေးထေားသည်ဟု ယူဆရပြီး ၄င်းထောက်ပံ့ကူညီမှုများမှာ ပါကစ္စတန် ထောက်လှမ်းရေး အေဂျင်စီ ISI နှင့်ဆက်နွယ်နေသည်ဟု အခိုင်အမာပြောနေကြသည်။
![](https://i0.wp.com/arakanbaynews.com/wp-content/uploads/2024/12/image-2.png?resize=650%2C438&ssl=1)
India သတင်းစာတွင် ဒီဇင်ဘာလ ၂၇ ရက်နေ့က Pakistan’s ISI back in Bangladesh? Weapons being supplied to Rohingya militants in Bangladesh camps, training given to new recruits in….သတင်းအား Arakan Bay News မှ မြန်မာဘာသာသို့ ပြန်ဆိုထားခြင်းဖြစ်သည်။
By Sumaila Zaman | Edited by Sumaila Zaman
ဘာသာပြန် – ကျော်ဇံ
ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ ရာထူးမှဖြုတ်ချခံရပြီး နိုင်ငံမှထွက်ပြေးသွားပြီးနောက် တစ်နိုင်ငံလုံး ဆန့်ကျင်အုံကြွမှုများဖြစ်ကာ နိုဗယ်ဆုရ စီးပွားရေးပညာရှင် မိုဟာမတ် ယူနွတ် ဘင်္ဂလားဒေ့ရှ်၏ နိုင်ငံရေးကို ဦးဆောင်လျှက်ရှိသည်။ လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်ရှိ မိုဟာမတ် ယူနွတ်အစိုးရသည် မူဆလင်စစ်သွေးကြွများပါဝင်ပြီး စစ်သွေးကြွအုပ်စုတစ်ခုဖွဲ့ရာတွင် ပါဝင်ပတ်သက်မှုများရှိနေကြောင်း သတင်းမီဒီယာများက ဖော်ပြနေကြသည်။ ဘင်္ဂလားဒေ့ရှ် မီဒီယာတွင် လက်နက်များကို ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများတွင် ခိုလှုံနေကြသည့် ဤစစ်သွေးကြွများထံဖြန့်ဝေပေးနေသည်ဟု စွပ်စွဲပြောဆိုနေကြသည်။ ၎င်းလက်နက်များမှာ ပါကစ္စတန်နိုင်ငံမှ ပို့ဆောင်ပေးထားသည်ဟု ယူဆရပြီး ပါကစ္စတန် ထောက်လှမ်းရေးအေဂျင်စီ ISI နှင့် ဆက်နွယ်မှုရှိသည်ဟု ဆိုကြသည်။
ပါကစ္စတန်မှ အကြမ်းဖက်များသည် ကော့ဘဇားရှိ မူဆလင်စစ်သွေးကြွအုပ်စုအတွက် လူသစ်များကို သင်တန်းပေးနေကြပြီး လက်နက်များမှာ နေ့စဥ် ချာတိုဂရမ်မှ ကော့ဘဇားသို့ပို့ပေးနေသည်ဟု သတင်းမီဒီယာများက ဆိုသည်။ မိုဟာမတ် ယူနွတ်သည် ဤအကြမ်းဖက်အုပ်စုကို ရည်ရွယ်ချက်နှစ်ခုအတွက် အသုံးချနေသည်ဟု ဆိုကြသည်။
ယူနွတ်၏ ပစ်မှတ်က ဘာတွေလဲ၊ ဒီအကြမ်းဖက်တွေ ယူနွတ်ရဲ့ အကြံအစည်မှာ အောင်မြင်နိုင်ကြမလား
မြန်မာနိုင်ငံမှ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သည့် အာရက္ခတပ်တော်သည် ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ရောက်ရှိလာနေပြီဟု ဆိုကြသည်။ ဘင်္ဂလားဒေ့ရှ် ဝါရင့်သတင်းထောက် Salauddin Shoaib Chowdhury က ယူနွတ်၏ အစီစဥ်ကို ရက်သတ္တပတ် လေးငါးပတ်အထိ X ( ယခင် Twitter)တွင် ဖော်ပြခဲ့ပြီး ARSA နှင့် RSO တို့ကဲ့သို့ အုပ်စုများသည် ပါကစ္စတန်၏ ISI အဖွဲ့မှ အဆင့်မြင့် လက်နက်များနှင့် ဖောက်ခွဲရေးပစ္စည်းများ လက်ခံရရှိနေသည်ဟု ဆိုသည်။ သူ၏ပြောကြားချက်တွင် ၎င်းစစ်သွေးကြွများမှာ အာရက္ခဒေသတွင် ရှရီယာဥပဒေ ကို ထုတ်ပြန်ပြီး အုပ်ချုပ်ရန် ရည်ရွယ်ချက်ဖြင့် အာရက္ခတပ်တော်ကို စစ်ရေးအရအပြင်းအထန်တိုက်ခိုက်သွားရန် စီစဥ်နေကြသည်ဟု ဆိုသည်။
👉 For the last several weeks, #ARSA, #RSO etcetera have been receiving sophisticated weapons and explosives from Pakistani #ISI. They are planning a massive militia assault against the #ArakanArmy and establish #Sharia rule in Arakan State. Alarming matter indeed. pic.twitter.com/gT5Ha64FtT
— Salah Uddin Shoaib Choudhury (@salah_shoaib) December 26, 2024
အာရက္ခတပ်တော်၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ရောက်လာစဥ်ကပင် ဘင်္ဂလားဒေရှ့်လုံခြုံရေးမှာ ခြိမ်းခြောက်ခံနေရသည်။ အာရက္ခတပ်တော်အနေဖြင့် တိုက်ခိုက်မှုများကို မပြုလုပ်သေးသော်လည်း ဘင်္ဂလားဒေ့ရှ် စစ်တပ်မှ ဆက်လက်၍ မူဆလင်စစ်သွေးကြွများကို ကူညီပြီး အကာအကွယ်ပေးပါက ဘင်္ဂလားနယ်စပ်တစ်လျှောက် အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု သတိပေးထုတ်ပြန်ထားကြောင်း Zee News Hindi က ဖော်ပြခဲ့သည်။
အာရက္ခတပ်တော်၏ သတိပေးချက်အပြီး ယူနွတ်အစိုးရက မူဆလင်စစ်သွေးကြွများကို ထောက်ပံ့ပေးသည့်အကြောင်းကို ငြင်းဆိုခဲ့သည်။ သို့ရာတွင် မူဆလင်စစ်သွေးကြွများ၏ ခေါင်းဆောင်ဖြစ်သူ Aby Ammar Jununi က ယူနွတ်ပြောကြားချက်ကို မဟုတ်မှန်ကြောင်း ငြင်းပယ်ခဲ့ပြီး ကူညီထောက်ပံ့ပေးမှုများအတွက် ဘင်္ဂလားဒေ့ရှ်စစ်တပ်ကို ကျေးဇူးတင်ကြောင်း ဆိုသည်။
Zee News Hindi ၏ အစီရင်ခံစာတစ်ခုတွင် အာရက္ခတပ်တော်၏ ပြောက်ကျားစစ်နည်းနာများက ဘင်္ဂလားဒေ့ရှ်စစ်တပ်ကို အန္တရာယ်ပေးနိုင်သည်ဟု ယူနွတ်က သတိပြုမိသည်ဟု ဆိုထားပြီး ထို့အတွက်ကြောင့်လည်း မူဆလင်စစ်သွေးကြွများကို လက်နက်များထောက်ပံ့ပေးနေရခြင်း ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် စစ်တပ်တာဝန်ဖြစ်လာမည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်စေရန် မူဆလင်စစ်သွေးကြွများကို ကူညီနေခြင်းဖြစ်ကြောင်း Abu Ammar Jununi က ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။
ထို့ကြောင့် ယူနွတ်၏ ပထမပစ်မှတ်ကို ဖော်ထုတ်ခဲ့ပြီးဖြစ်သည်။ လက်ရှိတွင် ယူနွတ်နှင့် ပါကစ္စတန်တို့ မူဆလင်စစ်သွေးကြွများ၏ အကူအညီဖြင့် ဖန်တီးလာကြမည့် ပို၍ကြီးသည့် အစီအစဥ်ကို နားလည်ရန် အရေးကြီးလာသည်။ ယူနွတ်သည် ဘင်္ဂလားဒေ့ရှ်ရှိ အဖွဲ့အစည်း (Non-state actors) များကို ဖန်တီးရန်ကြိုးစားခြင်းဖြင့် ပါကစ္စတန်၏ နမူနာအတိုင်း လိုက်လုပ်နေပုံရသည်။ ပါကစ္စတန်က အိန္ဒိယနိုင်ငံတွင် အကြမ်းဖက်လုပ်ရပ်များဖန်တီးရန် Lashkar-e-Taiba နှင့် Jaish-e-Mohammed တို့ကဲ့သို့ အကြမ်းဖက်အဖွဲ့များကို အသုံးချလာပါက ယူနွတ်သည်လည်း အိန္ဒိယကို ဆန့်ကျင်ရန် မူဆလင်စစ်သွေးကြွများကို အသုံးချရန် စီစဥ်နေပုံရသည်။
Arakan Bay News ၏ သတင်းများကို အောက်ပါ Link များတွင်လည်း ဖတ်ရှုနိုင်ပါသည်။
Website: www.arakanbaynews.com
Telegram:https://t.me/arakanbaynews
You Tube: https://www.youtube.com/@arakanbaynews5614
Twitter: https://x.com/ArakanBaynews