သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
AA အပေါ် CNF ရဲ့မစ္ဆရိယစိတ် ဘယ်ထိ ဦးတည်နေလဲ (ဆောင်းပါး)

Arakan Bay News

မာမဃ ရေးတယ်။

ဒီကနေ့ အာဏာရှင်တော်လှန်ရေးမှာ တနိုင်ငံလုံး စစ်ကောင်စီ ကင်းစင်အောင် မဟာမိတ်တွေနဲ့ နေရာအနှံ့ အား သွန်ခွန်စိုက် တိုက်ခိုက်နေတာက အရက္ခတပ်တော်ပါ။ ဒါက AA ရဲ့ မူဝါဒ( policy) တစ်ခုလို တနိုင်ငံလုံး စစ်ကောင် စီကင်းစင်ရေးအတွက် ကူပေးတယ်ဆိုလည်း မမှားပါဘူး။

ဒါပေမဲ့ တော်လှန်ရေးလမ်းမှာ မိတ်ဆွေများပြီး ရန်သူနည်းအောင် ကြိုးပမ်းရတာဟာလည်း လွယ်တဲ့ကိစ္စမဟုတ်။

တော်လှန်ရေး ဂုဏ်သိက္ခာ ထိုးနှက်ခံရတဲ့ AA

ဩဂုတ်လ ၁ ရက်နေ့က ချင်းမျိုးနွယ်စုနဲ့ ရခိုင်မျိုးနွယ်စုအကြား၊ တော်လှန်ရေးလမ်းမထက် အန္တရာယ်ကြီးမားတဲ့ ဗွီဒီယိုဖိုင်တစ်ခုကို CNF က လုပ်ကြံထုတ်ပြပါတယ်။ ဒီထဲမှာ AA တပ်ဖွဲ့ဝင်နှစ်ဦးကို CNA က ဖမ်းဆီး ရထားတဲ့ အကြောင်းနဲ့ AA တပ်သားတွေဟာ မူးယစ်ဆေးသုံးပြီး စစ်တိုက်တယ် ဆိုတဲ့ အကြောင်း ထွက်ဆိုခိုင်းထားတာပါ။

AA တပ်သား ၂ ဦးဟာ မတူပီမြို့သိမ်း တိုက်ပွဲပြီးချိန် သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်း စာရင်းတွေသွားယူစဉ် လမ်းမှားပြီးတော့ CNA ထံ ဖမ်းဆီးခံတာပါ။ ဒီဖြစ်စဉ်ဟာ ညှင်းပမ်းနှိပ်စက်ပြီး CNF/ CNA ဖက်က ULA/AA ကို တိုက်ခိုက် လုပ်ကြံ ဝါဒဖြန့်တာဖြစ်ပြီး၊ စစ်ကောင်စီရဲ့ လုပ်ကွက်တွေနဲ့ ထပ်တူကျတယ်လို့ AA က ဆိုပါတယ်။

ဒီဖြစ်စဉ်တွေက ဒီလောက်နဲ့ ဆုံးနိုင်မလား။ ဒုတိယပိုင်းကိုလည်း ထုတ်သွားမယ်လို့ CNF က ဆိုပါတယ်။ ဒီတော့ နောက်ဆက်တွဲ ဘာလဲ ကြည့်ရအောင်ပါ။

CNF ရဲ့ ဒီလုပ်ရပ်အပေါ်မှာ ချင်းမျိုးဆက်သစ်လူငယ်တွေနဲ့ CB လို့ခေါ်တဲ့ ချင်းညီနောင်တော်လှန်ရေး အဖွဲ့က လက်မခံပါဘူး။ CNF ဟာ AA တပ်သားနှစ်ဦးကို အတင်းအဓမ္မ လိမ်လည်ထွက်ဆိုခိုင်းစေတာဖြစ်ပြီး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဩဂုတ်လ ၄ ရက်နေ့မှာ ပြောပါတယ်။

ဒါ့အပြင် ဒီလုပ်ရပ်ဟာ ချင်းပြည်သူတွေကို ကိုယ်စားမပြုဘဲ တော်လှန်ရေး ညီအစ်ကိုတွေကြား စည်းလုံးရေးနဲ့ ချင်းတမျိုးသားလုံး ညီညွတ်ရေးကို ထိခိုက်စေတာ၊ ချင်းနဲ့ ရခိုင်ကြား အမုန်းပွားလာအောင် လှုံ့ဆော်တာလို့ CB က မြင်ပါတယ်။

ချင်းပြည်နယ် လွတ်မြောက်ရေး AA ကူညီပေးတာကို CNF အဆိုးမြင်

ချင်းပြည်လွတ်မြောက်ရေး တော်လှန်ရေး ခရီးလမ်းအပေါ်မှာ AA အကူညီပေးနေပါတယ်။ ဒါကို CNF က ဘယ်လို စိတ်ထားရှိနေပါသလဲ။ CNF ရဲ့ မနာလိုမုန်းတီးမှုက ဘယ်လောက်နက်ရှိုင်းလဲ ဆိုတာကို ထောက်ကြည့်ရအောင်။ ပထဆုံး ပလက်ဝဒေသမှာ AA အခြေချတာကို CNF က လုံးဝမကြိုက်ပါဘူး။ ဒါပေမဲ့ ကနဦးကတည်းက မတားခဲ့ ပါဘူး။ အဲဒီအချိန်က CNF ဟာ စစ်ကောင်စီနဲ့ အလွမ်းသင့်တဲ့ NCA ထိုးလိုက် နိုင်ငံရေး ဆွေးနွေးပွဲတွေနဲ့ နေပြည် တော်မှာ အချိန်ကုန်ပါတယ်။ တပ်ကိုလည်း အင်အားကြီး ထွားအောင် မလုပ်ခဲ့နိုင်ပါဘူး။ ဒီထက်ပိုလာတာက ပလက်ဝကို  AA သိမ်းပိုက်နိုင်တာကို မကျေနပ်ချက်နဲ့ ဖြစ်နေပါတယ်။ ဒါကြောင့် ရခိုင်ဘက်သို့ ကုန်စည်စီးဆင်း တဲ့ အိန္ဒိယ မီဇိုရမ်- ပလက်ဝ လမ်းပိုင်းကို ဒေသနေ ချင်းမျိုးနွယ်စု လိုင်လူငယ်နဲ့ ပူးပေါင်းပြီး ပိတ်ပင်ခဲ့ပါတယ်။

နောက်ပြီးတော့ ကျင်ဒွေး၊ မတူပီ တိုက်ပွဲတွေမှာ AA က မဟာမိတ်အဖြစ် CB နဲ့ ဝင်တိုက်ခိုက်ခဲ့လို့ပါ။  ချင်းအဖွဲ့ တွေကို CNF လက်ထဲကနေ AA က စည်းရုံးခဲ့တယ်။ ချင်းနိုင်ငံရေးကို ဝင်ရောက်စွက်ဖက်တယ်လို့ အထင်မှား နေ တာပါ။ ဒီထက်ပြင်းထန်လာတာက ချင်းညီနောင် စစ်ဆင်ရေး မတူပီ တိုက်ပွဲမှာ ညီနောင်နဲ့ မဟာမိတ်အဖွဲ့ကို CNF က နောက်ကနေ အလစ်ငိုက် ဝင်တိုက်ခဲ့တာပါ။

CNF ပြောခွင့်ရသူ ဆလိုင်းထက်နီက အဓိက မတူပီ မြို့သိမ်းတိုက်ပွဲမှာ AA ပါနေတာကို လုံးဝ မနှစ်သက်ကြောင်း ပြောပါတယ်။ အဲဒီနောက်မှာတော့ AA တပ်သား ၂ ဦးကို ဖမ်းဆီးပြီးတော့မီဒီယာကနေ တိုက်ခိုက်လာကိုတွေ့ ရ မှာပါ။ နောက်ပြီးတော့ ဇွန်လကလည်း CNF ဦးစီးတဲ့ ချင်းလဲန်းကောင်စီကလည်း ချင်းပြည်ကနေ AA ထွက်သွားဖို့ ပြောခဲ့ပါတယ်။

သပွတ်အူ ချင်းနိုင်ငံရေး/ တော်လှန်ရေး

ချင်းအမျိုးသားတပ်ဦး/ ချင်းအမျိုးသားတပ်မတော် (CNF/ CAN) ဟာ တော်လှန်ရေး ၃၅ နှစ်ကျော် သက်တမ်း ရှိပါပြီ NCA လက်မှတ်ထိုးထားတဲ့ ဝါရင့်တပ်ဖွဲ့ ဖြစ်ပါတယ်။ ဒါပေမဲ့ အာဏာသိမ်းသည်အထိ လက်နက်ကိုင် အင် အား များများ စားစား မရှိတဲ့အပြင် ၂၀၂၁ ခု နှစ် အချိန်ထိ စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဖြစ်တာမတွေ့မိခဲ့ပါ။

ဒါကြောင့် CNF ကို တနိုင်ငံလုံး အပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ထိုးရေးမှာ လူအင်အား၊ တပ်အင်္ဂါရပ်တွေနဲ့ မညီဘူးလို့ စစ်တပ်ကဆိုပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေး အကျိုးဆောင်တွေက NCA လက်မှတ်ထိုးခွင့် စာရင်းထဲ ထည့်ပေးဖို့ တောင်းဆိုတဲ့အတွက် NCA မှာ ပါလာတာလို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဖူးပါတယ်။ ဒါပေမဲ့လည်း အာဏာသိမ်းပြီးနောက်မှာ CNF က စစ်ကောင် စီကို ဆန့်ကျင်ပြီး အင်အားကြီးဖို့ ကြိုးစားလာပါတယ်။

နောက်ပြီး CNF ဟာ နွေဦးတော်လှန်ရေးနဲ့ ပေါ်ပေါက်လာတဲ့ ချင်းကာကွယ်ရေးတပ် CDFs တွေကို သူတို့ လက် အောက်မှာရှိစေရေးကို ခေါင်းဆောင်ပိုင်းက စည်းရုံးခဲ့ပါတယ်။ ဒါကြောင့် CNF လက်အောက်မှာ ဒေသအခြေစိုက် တော်လှန်ရေးတပ် ၁၂ ခုလောက် ရရှိခဲ့ပါတယ်။ နောက်ပြီးတော့ CNF ဟာ ချင်းပြည် အုပ်ချုပ်ရေးစနစ်ကို စော လျှင်စွာ ကြေညာပါတယ်။ ၂၀၂၃ နှစ် ကုန်ပိုင်းမှာ ချင်းပြည်နယ်ကောင်စီ (CC) ကိုဖွဲ့စည်းပြီး ၂၀၂၄ ဖေဖော်ဝါရီလ  မှာ ချင်းပြည်နယ် အစိုးရ (CG) ကို ဖွဲ့စည်းခဲ့ပါတယ်။ ဒါကို ချင်းလဲန်ကောင်စီဟာ ဗဟိုချုပ်ကိုင် စနစ်ဖြစ်တယ် ဆို ပြီး သဘောမတူတဲ့ ချင်းတော်လှန်ရေး အဖွဲ့တွေ ရှိလာတာပါ။

အဲဒီထဲမှာ ချင်းညီနောင်အဖွဲ့(Chin Brotherhood- CB ) ပါတယ်။ ဒီအဖွဲ့တွေထဲမှာ ဇိုမီးဖက်ဒရယ် အစည်းအရုံး (ZFU)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ (MTC)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်)၊ ချင်းလဲန်း ကာကွယ်ရေးတပ်ဖွဲ့ မတူပီ (တပ်မဟာ- ၁) တို့ပါ။

တစ်ဖက်မှာလည်း ချင်းညီနောင်အဖွဲ့က နိုင်ငံရေးဦးဆောင်ဖို့အတွက် ချင်းပြည်နယ် ကြားကာလ အတိုင်ပင်ခံ ကောင်စီ ICNCC ရှိပါတယ်။ ဆိုတော့ လက်ရှိ ချင်းပြည်နယ်မှာ CNF ဦးဆောင်တဲ့ ချင်းပြည်နယ်အစိုးရ (CC/CG) နဲ့ ချင်းညီနောင်အဖွဲ့ရဲ့ ICNCC ဆိုပြီး စင်ပြိုင် အစိုးရအဖွဲ့အစည်းနှစ်ခု ပေါ်ပေါက်နေတယ်လို့ နာလည်နိုင်ပါတယ်။

ဒါပေမဲ့ ချင်းပြည်မှာ အစောပိုင်းက စစ်ရေးပူးပေါင်းဆောင်ရွက်ဖို့ဆိုပြီး ချင်းပြည်ကာကွယ်ရေးပူးတွဲ ကော်မတီ (CJDC) ကို ဖွဲ့စည်းခဲ့ပါတယ်။  CJDC ထဲမှာတော့ ဒေသကာကွယ်ရေးတပ် ၁၈ ဖွဲ့ပါခဲ့ပြီး အကြမ်းအားဖြင့် ၁၂ ဖွဲ့မှာ CC/CG နဲ့ ၆ ဖွဲ့ကတော့ ICNCC / CB ထဲမှာပါ။ ဒါက အကြမ်းအားဖြင့် နားလည်ရတာပါ။

ဒီလို ချင်းပြည်နယ်တော်လှန်ရေး ရှုပ်ထွေးမှုတွေနဲ့ အတူ CNF နဲ့ CB လှုပ်ရှားနယ်မြေတွေနဲ့ တိုက်ပွဲဖော်မှုတွေ ဟာလည်း နေရာဒေသကွဲပါသေးတယ်။

လက်ရှိမှာ CNF က ဟားခါးမြို့နယ် ဆူရ်ခွားမြို့၊ ထန်တလန်မြို့နယ် နှာဟရိန်မြို့၊ တွန်းဇံမြို့နှင့် ကျီးခါးမြို့၊ ဖလမ်းမြို့နယ် ရိဒ်ခေါရ်ဒါ၊ ဝေဘူလမြို့၊ မတူပီမြို့နယ် ရေဇွာ၊ လိုင်လင်းပီမြို့တို့ကို သိမ်းပိုက်ထားပါတယ်။ နောက်ပြီးတော့ ဟားခါး၊ ထန်တလန်ဒေသတို့ဟာ CNF ရဲ့ လှုပ်ရှားနယ်မြေပါ။

CB ကတော့ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့၊ မင်းတပ်မြို့နယ် မကွီအိမ်နူးမြို့နဲ့ မတူပီမြို့တို့ကို သိမ်းပိုက်ထား တာကို တွေ့ရပါတယ်။ CB လွှမ်းမိုးရာနယ်မြေထဲမှာ တီးတိန်၊ ခိုင်ကမ်း၊ မင်းတပ်နဲ့ ဖလမ်းမြို့တို့ ပါနေတာပါ။

မညီညွတ်မှုကို AA ဆီ အပြစ်ပုံချ

အပေါ်က အချက်တွေကို ကြည့်ရင် ချင်းပြည်တော်လှန်ရေးမှာ ချင်းနှစ်ဖွဲ့ကြား သဘောထားမတူညီမှုက အဓိက ပြဿနာ ဖြစ်ပေမဲ့ CNF က လူကြီးလူကောင်းဆန်ဆန် ဝန်မခံရဲဘဲ AA ကို ရရာနည်းနဲ့ တော်လှန်ရေး ဂုဏ်သိက္ခာ ကျဆင်းအောင် ထိုးနှက်မှုတွေကို မြင်ရမှာပါ။

ပြီးခဲ့သည့် လကလည်း ချင်းတော်လှန်ရေး ရံပုံငွေရှာရေး အစီစဉ်မှာ အမေရိကရောက် ချင်းလူမျိုးတွေကို CNF ခေါင်းဆောင်တွက AA အပေါ် ရန်သူသဖွယ် စကားလုံးသုံးနှုန်းပြီး ဝါဒဖြန့် နိုင်ငံရေးတရားဟောခဲ့ပါသေးတယ်။

ချင်းပြည်တော်လှန်ရေး မညီညွတ်မှု အဓိကပြဿနာက ဘာများပါလဲ။ချင်းတော်လှန်ရေးတပ်အားလုံးကို ဝါရင့် လက်နက်ကိုင် CNF က မစည်းရုံး နိုင်ခြင်းပါ။ ဒါကြောင့် CNF နိုင်ငံရေးလမ်းစဉ်ကို ချင်းမျိုးဆက်သစ် လူငယ်တွေ က အားမရပါဘူး။

ချင်းမျိုးဆက်သစ်လူငယ်တွေကတော့ မတူပီတိုက်ပွဲထဲ CNF ဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး ခရီးကြမ်းမှာ AA ကို နောက်ကျောကနေ ဓားနဲ့ ထိုးတယ်လို့ မှတ်ချက်ပေးကြပါတယ်။ နောက်ပြီး CNF ခေါင်းဆောင်တွေဟာ သစ်  လွင်တဲ့ တော်လှန်ရေး အတွေးအခေါ်မရှိဘဲ ငါနှင့်မတူ ငါရန်သူလို့ ငယ်သားတွေကို သဘောထားတာကြောင့် ချင်းတပ်တွေ ကွဲပြဲနေကြတာလို့ မြင်ကြပါတယ်။

ချင်းညီနောင်အဖွဲ့ဟာ လက်နက်ကိုင်တော်လှန်ရေးအတွက် ကနဦးက CNF ထံ ချဉ်းကပ်ခဲ့ပေမဲ့ အကူအညီ မရခဲ့ တာရယ်။ KIA ထံမှာ လက်နက်ဝယ်ဖို့ သွားခဲ့ပေမဲ့ ချင်းတပ်တွေအပေါ် လက်နက်မရောင်းဖို့ CNF က မောင်ပိုင်စီး ပြီး စာချုပ်ချုပ်ထားတယ်လို့ ဆိုပါတယ်။ အဲဒီနောက်မှာတော့ ညီနောင်အဖွဲ့တွေဟာ AA ဆီက လက်နက် အပါအ ဝင် အခြား အကူညီရခဲ့လို့ တော်လှန်ရေးတွေ လုပ်နိုင်ခဲ့တာလို့ ဆိုပါတယ်။

CNF ဆင်ခြင်စရာ

ဖြစ်စဥ် အသေးစိပ်နဲ့ ဖြစ်နိုင်ခြေတွေ စဥ်းစားမိတဲ့အခါ CNF ရဲ့ ခေါင်းဆောင်တွေက ဆင်ခြင်ဉာဏ်စွမ်း သေးသိမ် စွာနဲ့ ရန်သူမဟုတ်တဲ့ အိမ်နီးချင်းကို ရန်ငြိုး ပုံဖော်နေတာတွေ့ရပါတယ်။ ရခိုင်နဲ့ ချင်းတွေဟာ အိမ်နီးချင်းပီပီ အ မုန်းတရားနဲ့ ရန်ဖြစ်နေလို့ လုံးဝ မရပါဘူး။

AA က ချင်းတို့ နိုင်ငံရေးမှာဝင်ရှုပ်ပြီး ချင်းအချင်းချင်းကွဲပြားအောင် ဟောပြောစည်းရုံးလှုံ့ဆော်ခြင်းမရှိသေးလို့ မြင်ပါတယ်။ ဒီအရေးဟာ ငါတို့ချင်း အချင်းချင်းကြား ပြဿနာသာဖြစ်ပြီး AA နဲ့ လုံးဝ မသက်ဆိုင်ကြောင်းCNF က မသိတာလား။ မေးခွန်းထုတ်ရမှာပါ။ တော်လှန်ရေးကာလမှာ အနီးဝေးတပ်ဖွဲ့တွေကြား ယုံကြည်မှု တည်ဆောက် ခြင်း (Trust Building) အရေးကြီးပါတယ်။

အခု ချင်းတို့ ပြဿနာဟာ ချင်းမျိုးနွယ်စုအားလုံးကို အာမခံပေးနိုင်တဲ့ နိုင်ငံရေး၊ တော်လှန်ရေး စီမံကိန်းချပြီး အနာဂတ် ချင်းပြည်သူတွေ လူ့ဂုဏ်သိက္ခာရှိတဲ့ လူမှုအသိုက်အဝန်းကို တည်ဆောက်ဖို့ ခိုင်မာတဲ့ မူဝါဒနဲ့ ဦးဆောင် မှုစွမ်းရည်တွေ မြှင့်တင်ပေးမှု မရှိသေးလို့ ဖြစ်နေတာပါ။ တပ်ဖွဲ့ အချင်းချင်း ထုတ်ပြန်ချက်တွေနဲ့ အမုန်းတရား တွေကို အများမြင်ရပါတယ်။

ချင်းနိုင်ငံရေးကို  လေ့လာသုံးသပ်တဲ့အခါ ချင်းမျိုးနွယ်စု အားလုံး လက်ခံနိုင်တဲ့ နိုင်ငံရေး အာဂျင်တာ (Agenda) မရှိသေးပါဘူး။ လက်ရှိ ကိုယ့်အချင်းချင်း သဘောထားကွဲလွဲမှု၊ မတူကွဲပြားမှု (Diversity) တွေကို အဖြေမရနိုင်ကြသေးချိန် အပြင်လူ AA နဲ့ ပြဿနာကိုပိုပြီး ကြီးထွားလာစေတဲ့ ခြေလှမ်းကို CNF က လုပ်နေတယ်လို့ သုံးသပ်စရာပါ။

CNFဟာ တော်လှန်ရေးမှာ လက်ရုံးရည်၊ နှလုံးရည်မပြည့်စုံဘဲ မိတ်ဆွေဖွဲ့ချင်နေတဲ့ AA အပေါ် တိုက်ခိုက်နေခြင်းဟာ ဘုံရန် သူ စစ်ကောင်စီကို အားပေးနေခြင်းဖြစ်စေတယ်လို့ နိုင်ငံရေးအကဲခတ်တွေက မှတ်ချက်ပြုပါတယ်။

ဒါကြောင့် ချင်းနဲ့ ရခိုင် အရေးပတ်သက်ပြီး CNF အနေနဲ့ AA နဲ့ ထိပ်တိုက်ရန်ဖြစ်မှု (Direct Confrontation) ကို ရှောင်ရန်လိုအပ်ပြီး ချင်းပြည်နယ်မှာ စစ်အာဏာရှင် ပြုတ်ကျဖို့ AA နဲ့ ပူးပေါင်းဆောင်ရွက်မှု (Cooperation) ကို သာ လုပ်သင့်တယ်လို့ သုံးသပ်ပါရစေဗျာ။…

ဆောင်းပါရှင်မာမဃသည် စစ်ရေး နိုင်ငံရေးဆောင်းပါတွေကို ဆယ်စုနှစ်တစ်ခုကြာ လေ့လာသုံးသပ်ရေးသားနေသူ တစ်ဦးဖြစ်သည်။   

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
စစ်ဘေးရှောင်ဖို့ ထွက်ပြေးလာတဲ့အချိန်မှာ စစ်ကောင်စီနှင့် အာဆာအဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသွားတဲ့ ရွှေဇားရပ်ကွက်မှ အသက် ၄၈နှစ် ခေရှီခူမာ ရဲ့ ဇနီးဖြစ်သူ ဒေါ်ဒူဇာနာကို Arakan Bay News သတင်းဌာနက အင်တာဗျူးထားခြင်းတာ ဖြစ်ပါတယ်။