သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ကုတ်မြို့မှ အပြစ်မဲ့ပြည်သူတစ်ဦးအား အကြမ်းဖက်စစ်ကောင်စီက ဖမ်းစီးနှိပ်စက်ပြီး ၊ လမ်းဘေးတွင် ပစ်ချထားခဲ့

AB News – နိုဝင်ဘာ ၂၉ ၊ ၂၀၂၄

ရက္ခိုင်ပြည် ၊ တောင်ကုတ်မြို့အတွင်း အပြစ်မဲ့ပြည်သူတစ်ဦးအား အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးနှိပ်စက်ပြီး၊ ဒဏ်ရာများဖြင့် လမ်းဘေးတစ်နေရာတွင် ပစ်ချထားခဲ့ကြောင်း AB News က စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးနှိပ်စက်ပြီး ၊ ဒဏ်ရာများဖြင့် လမ်းဘေးတစ်နေရာတွင် ပစ်ထားခဲ့သည်ကို အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များက တွေ့၍ ကယ်တင်ထားကြောင်း စစ်ရေးသတင်းရေးမြစ်တစ်ဦးက AB News သို့ပြောသည်။

“၂၆ ရက်နေ့က သူ့ကို တွေ့တာ။ ဒဏ်ရာတွေက အများကြီးပဲ ။ ဓား ဒဏ်ရာရော၊ သေနတ် ဒဏ်ရာတွေရောဘဲ၊ တပ်တော်က ကယ်တင်ထားပါတယ်၊ အသက်အန္တရာယ်မရှိလောက်တော့ပါဘူး” ဟုဆိုသည်။

၎င်းအား အကြမ်းဖက် စစ်ကောင်စီက ဘယ်ဖက် လက်ကောက်ဝတ်ကို ဓားဖြင့် လှီးဖြတ်ကာ ညာဖက်ပေါင်အား သေနတ်ဖြင့် ပစ်ဖောက်နှိပ်စက်ပြီး တောင်ကုတ်မြို့တွင်း လမ်းဘေးတစ်နေရာတွင် ပစ်ချထားခဲ့သည်။

လက်ရှိတွင် ထိုလူနာအား အာရက္ခတပ်တော် AA က ကယ်ဆယ်ထားပြီး ၊ နီးစပ်ရာဆေးရုံသို့ ဆေးကုသမှု ခံယူရန်ပို့ဆောင်ထားကြောင်း သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ