သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အင်းတော်မြို့နယ်တွင် စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်မှုကြောင့် မိသားစုဝင် ၇ ဦး အပါအဝင် ၈ ဦးသေဆုံး



‎AB News – ဇန်နဝါရီ ၃၁၊ ၂၀၂၆

‎စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ လေဘိုရွာကို စစ်ကော်မရှင်မှ လေကြောင်းတိုက်ခိုက်မှုကြောင့် မိသားစုဝင်  ၇ ဦးအပါအဝင် ၈ ဦးသေဆုံးခဲ့ကြောင်း သ်ိရသည်။ 

‎ဇန်နဝါရီလ ၂၉ ရက်နေ့၊ နံနက် ၁၀ နာရီခွဲ အချိန်တွင် နမီးကျေးရွာအုပ်စု၊ လေဘိုရွာကို စစ်ကော်မရှင်လေတပ်မှ ဂျက်ဖိုင်တာဖြင့် ပေါင် ၅၀၀ ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

‎အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လေဘိုရွာရှိ နေအိမ် ၁လုံးအပေါ် ကျရောက်ပေါက်ကွဲခဲ့၍ မိသားစုဝင် ၇ ဦး အပါအဝင် အိမ်ဘေးမှ ၁ဦး သေဆုံးခဲ့ရသည်။

‎သေဆုံးသူများမှာ အသက် ၆ နှစ်အရွယ် ကလေးငယ် ၁ဦး၊ အသက် ၁၃ နှစ်အရွယ် မိန်းကလေး ၁ ဦးအပါအဝင် အမျိုးသား ၄ ဦး အမျိုးသမီး ၄ ဦးတို့ဖြစ်သည်။

‎ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက်နေ့ကလည်း အင်းတော်မြို့နယ်၊ မော်လူးမြို့၊ မာန်ဟဲကျေးရွာရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ ရုံးကို ဂျက်ဖိုက်တာဖြင့် ဗုံးကျဲချတိုက်ခိုက်ခဲ့ရာ ပကဖ ရဲဘော် ၅ ဦးကျဆုံးခဲ့ပြီး ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ