Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အကြမ်းဖက်သောင်းကျန်းသူ စစ်ကောင်စီအဖွဲ့က ပေါက်တောမြို့နယ်မှ ရွာ ၂ ရွာကို ရဟတ်ယာဥ်ဖြင့်ပစ်ခတ်သွား

AB News – ဒီဇင်ဘာ ၂၊ ၂၀၂၃

ရက္ခိုင်ပြည်၊ ပေါက်တောမြို့နယ် နန်းတက်ကျွန်းရွာ နှင့် စိုင်းတုတ် ရွာကို အကြမ်းဖက်သောင်းကျန်းသူ စစ်ကောင်စီအဖွဲ့ ရဟတ်ယာဥ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် လူနေအိမ် ၄ လုံးထက်မနည်း ပျက်စီးသွားခဲ့ကာ သစ်ပင်တစ်ပင် ကျိုးကျသွားခဲ့ ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

၎င်းတို့သည် ယမန်နေ့ ဒီဇင်ဘာလ ၁ ရက်နေ့ နေ့လည် ၁၂ နာရီကျော်တွင် ရွာထဲသို့ ရဟတ်ယာဥ် ဖြင့်ပစ်ခတ်သွားခဲ့ပြီး ရွာသားတစ်ချို့ အသက်လု ထွက်ပြေးခဲ့ရကြောင်း ဒေသခံတစ်ဦးက AB News သို့ ပြောသည်။

” စကစတွေက ရွာအပေါ်ကပျံဝဲပြီးစက်သေနတ်တွေနဲ့ လှမ်းပစ်တယ်၊ အိမ်တွေမှာကျတယ်၊ လူတွေလည်းအသက်လုထွက်ပြေးကြတယ်၊

တစ်ချို့အိမ်တွေဆိုရင် သစ်လုံးတိုင်တွေကို ကျည်ဖောက်သွားပါတယ်” ဟု ဆိုသည်။

နန်းတက်ကျွန်းနှင့် ပေါက်တောမြို့သည် တစ်ဖက်တစ်ကမ်းတည်ရှိသည့်အတွက် ရဟတ်ယာဥ်အလွယ်တူကူပစ်ခတ်နိုင်ကြောင်း တွေ့ရသည်။

အလားတူ တစ်ပြိုင်နက်တည်းတွင်ပင် ရဟတ်ယာဥ်မှပစ်ခတ်သောလက်နက်ကျည်ဆံများသည် စိုင်းတုတ်ကျေးရွာ၏ ဘုန်းကြီးကျောင်းခြံဝင်း စေတီအနီးများတွင် ထိမှတ်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီအကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ ရဟတ်ယာဥ်ဖြင့်ပစ်ခတ်သောကြောင့် လူနေအိမ်များ၊ အိုးခွက်၊ သောက်ရီအိုးတစ်ချို့ကို ကျည်ထိမှန်ခဲ့ပြီး သစ်ပင်တစ်ပင် ကျိုးကျသွားခဲ့​သည်ကိုလည်း တွေ့ရသည်။

အကြမ်းဖက်သောင်းကျန်းသူ စစ်ကောင်စီအဖွဲ့၏ သောင်းကျန်း ပစ်ခတ်မှုများကြောင့် ပေါက်တောမြို့ ဘေးပတ်ဝန်းကျင်၌ ရှိသော တောင်းဖူး၊ တောင်ညို၊ သဝင်ချောင်း၊ မင်းဘာ၊ ကြိမ်ခွေမော်၊ ကျောက်ဆိပ်၊ နတ်တောင်ပြင်၊ ဒါးကိုင်၊ သရွဲ၊ နတ်တောင်ပြင်၊ ငခူရှည်၊ မော်ထောင်ကြီး၊ ကျော်ရှင်ရွာတို့မှပြည်သူ သောင်းနှင့်ချီထွက်ပြေးခဲ့ရသည်။

လက်ရှိသတင်းရေးသားနေသည့် ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည် ၁ နာရီအတွင်းတွင်လည်း စကစ ဟတ်စကီး ၁ စီး ၎င်းရွာများသို့ ဖြတ်သန်းပျံဝဲနေကြောင်း တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ