Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်သည့် လက်နက်ကြီးကျည်ထိ၍ ရသေ့တောင်မြို့နယ်မှ ဒေသခံရွာသား ၁ ဦး ဒဏ်ရာရ

အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်သည့် လက်နက်ကြီးကျည်ထိ၍ ရသေ့တောင်မြို့နယ်မှ ဒေသခံရွာသား ၁ ဦး ဒဏ်ရာရ

AB News-နိုဝင်ဘာ ၂၂၊ ၂၀၂၃

ယနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ မနက်က ရက္ခိုင်ပြည် ရသေ့တောင်မြို့နယ်တွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်၍ ဒေသခံအရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိခဲ့သူမှာ ရသေ့တောင်မြို့နယ်၊ င/စံဘေယ်ရွာမှ အသက် ၄၈ နှစ်အရွယ်ရှိ ဦးကျော်သန်းမောင် ဖြစ်သည်။

လက်နက်ကြီးကျည်မှာ ရသေ့တောင်မြို့နယ် အခြေစိုက် စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်သည့် ရေစိုးချောင်းဗျူဟာမှ ယနေ့နံနက် ၉ နာရီကျော်ခန့်က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ထိုင/စံဘော်ရွာထဲသို့ လက်နက်ကြီး ၄ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ဦးကျော်သန်းမောင်၏ ဘယ်ဖက်ခြေထောက်တွင် ကျည်စထိမှန် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ထို့အပြင် လက်နက်ကြီးကျည်ကျ၍ ရွာထဲရှိ နေအိမ် အချို့လည်း ပျက်စီးသွားကြောင်း သိရပြီး၊ ရွာသားများမှာလည်း ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း သိရသည်။

ရက္ခိုင်တွင် စစ်ကောင်စီတပ်သည် စစ်ရှုံးနေပြီး၊ ပြည်သူဖက်သို့ ပြောင်းဝလှည့် ပစ်ခတ်မှု ပြုလုပ်လာသည်ကို ထင်ထင်ရှားရှားတွေ့လာနေရသည်။

စစ်ကောင်စီဖက်မှ သတင်းမှားများကို ဝါဒဖြန့်နေသည့် လော်ဘီ Telegram Channel များမှလည်း ပြည်သူများ ကျည်ထိ ဒဏ်ရာရခြင်း၊ သေဆုံးခြင်းများကို AA ကိုထောက်ခံရင် မင်းတို့တွေ သေဖို့သာပြင် စသည့် လူမျိုးရေး ဆန်သည့် စာများရေးကာ ဝါဒဖြန့် ပြောဆိုမှုများ ရှိနေသည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ