AB News – ဖေဖော်ဝါရီ ၈၊ ၂၀၂၆
ရက္ခိုင်ပြည်၊ သံတွဲမြို့ပေါ်ရှိ အမှတ် ၃ ရပ်ကွက် ကို စစ်ကော်မရှင်(စကမ)က ယနေ့ ဖေဖော်ဝါရီလ ၈ ရက်၊ နေ့လည် ၂ နာရီနီးပါးအချိန် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံပြည်သူ၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိသူများမှာ အသက် ၅၀ အရွယ် ဦးသက်အောင်နှင့် ကိုအောင်သန်းတင် (အသက် ၄၃နှစ်အရွယ်) တို့ဖြစ်ကြပြီး နေအိမ်လည်း ၉ ထက်မနည်း ဗုံးစထိမှန်၍ ပျက်စီးခဲ့ကြောင်း ဆိုသည်။
”ဒီကနေ့ နေ့လည် ၁ နာရီခွဲလောက်မှာ ဂျက်နဲ့ လာပြီး ဗုံးကြဲသွားတာပါ။ ပြည်သူ ၂ ထက်မနည်း ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ အဲဒီ အမှတ် ၃ ရပ်ကွက်မှာက စစ်ရေးနဲ့သက်ဆိုင်တဲ့ ရုံးတွေ မရှိပါဘူး။ ပြည်သူတွေပဲ နေထိုင်ကြတာပါ။ ခုလို ပြည်သူတွေနေတဲ့ နေရာကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတာကတော့ လုံးဝ လက်ခံလို့ မရပါဘူး။ စကမ ကို နိုင်ငံတကာတွေက ထိထိရောက်ရောက် အရေးယူစေချင်ပါတယ်” ဟု သံတွဲမြို့ခံ တစ်ဦးက ပြောသည်။
ဒဏ်ရာရရှိသွားသည့် မြို့ခံ နှစ်ဦးမှာ လက်ရှိတွင် နီးစပ်ရာ ဆေးခန်းများ၌ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
ရက္ခိုင်တွင် နယ်မြေအများစု လက်လွှတ်ဆုံးရှုံးထားရသည့် စကမ သည် ပြည်သူများရှိရာနေရာများသို့ လေကြောင်း၊ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုများကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှု မြင့်တက်လျက်ရှိသည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ တစ်လအတွင်း ရက္ခိုင်တွင် စကမ ၏ လေကြောင်း၊ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုများကြောင့် စစ်သုံ့ပန်းမိသားစုဝင်များ အပါအဝင် ဒေသခံပြည်သူ ၃၀ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၃ ဦးထက်မနည်း ရှိနေကြောင်း သိရသည်။
#စကမ #သံတွဲ #လေကြောင်းတိုက်ခိုက်မှု #ပြည်သူ #ရက္ခိုင်