Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သံတွဲတွင် စစ်ကောင်စီက စစ်ရဟတ်ယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်

( ဆင်ခေါင်းဝ မြစ်ဖက်ရှိနေဗီမှလည်း ရွှေလှေရွာဖက်သို့လက်နက်ကြီးဖြင့်လှမ်းပစ်နေ)

ရက္ခိုင်ပြည်၊သံတွဲမြို့နယ်သို့ စစ်ကောင်စီက စစ်ရဟတ်ယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေပြီး ဆင်ခေါင်းဝ မြစ်ဖက်ရှိနေဗီမှလည်း ရွှေလှေရွာဖက်သို့လက်နက်ကြီးဖြင့်လှမ်းပစ်နေကြောင်း သတင်းရရှိသည်။

အကြမ်းစစ်ကောင်စီ စစ်ရဟတ်ယာဥ်သည် ယနေ့ မေလ ၇ ရက် နေ့လည် ၂ နာရီ ၃၂ မိနစ်တွင် သဗြုချိုင်အနီးရှိ ရွာများသို့ လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

“သဗြုချိုင်အနီးကရွာတွေကို ဗုံးကြဲနေတာမြင်ရတယ်။ အခုကြဲနေတယ်။ ၃ မိနစ်တစ်ခေါက် ရွာပေါ်ကပျံဝဲနေတယ်။ လက်နက်ကြီးတွေလည်း ပစ်ခတ်နေတယ်” ဟု ဆ်ိုသည်။

အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရဟတ်ယာဥ်သည် ၎င်းအနီးရှိရွာများသို့ ၃ မိနစ်တစ်ကြိမ်ခန့်ပျံဝဲပြီး ဗုံး ၂ လုံး ကြဲချသွားခဲ့ကြောင်း သိရသည်။အလားတူ ဆင်ခေါင်းဝမြစ်တွင် ကျောက်ချရပ်ထားသည့် နေဗီကလည်း ရွှေလှေရွာဖက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ယ​​နေ့တွင် စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူနေရပ်ရွာများသို့ ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

စစ်ကောင်စီက စစ်ရဟတ်ယာဥ်အပါအဝင် လက်နက်ကြီးများဖြင့် လှမ်းပစ်နေသည့်အတွက် ဒေသခံပြည်သူများ ဗုံးခိုကျင်းထဲတွင် ဝပ်နေရကြောင်း သိရသည်။

စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လက်နက်ကြီး ၁ လုံးမှာ လင်းသီးရွာထဲကျရောက်ပေါက်ကွဲသွားကြောင်း သိရသော်လည်း အရပ်သားပြည်သူ သေဆုံးမှုရှိ/မရှိကို AB News ကမသိရှိရသေးပေ။

လက်ရှိတွင် သံတွဲ၊ ဘူးသီးတောင်၊ မောင်တော၊ အမ်းတို့တွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတို့ စစ်ရေးပြင်းထန်နေသည့်အချိန်ဖြစ်သည့်အတွက် ဒေသခံပြည်သူများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ