သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဝက်လက်မြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ၆လသားအရွယ် ကလေးငယ်တစ်ဦးအပါအဝင် ၄ဦး သေဆုံး

AB News – မတ် ၁၇၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စဉ့်ကိုင်မြောက်ရွာကို အကြမ်းဖက်စစ်ကောင်စီအဖွဲ့က လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အသက် ၆ လသားအရွယ် ကလေးငယ် ၁ဦး၊ အသက် ၈၀ ကျော်အဖိုး ၁ဦးနှင့် အဖွား ၁ဦး အပါအဝင် ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့ မတ်လ ၁၆ ရက်၊ ည ၁၀ နာရီခွဲအချိန်တွင် ဝက်လက်မြို့နယ်၊ စဉ့်ကိုင်(မြောက်)ရွာကို တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ဂျက်ဖိုက်တာ ၁ စီး ဖြင့် ၂ ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဗုံးကြဲတိုက်ခိုက်မှုအတွင် ၆လသားအရွယ် ကလေးငယ် ၁ဦးအပါအဝင် ၄ဦး သေဆုံးခဲ့ရပြီး ၇ဦးထက်မနည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်စစ်ကောင်စီသည် တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိသည့် အရပ်သားပြည်သူများ နေထိုင်သော မြို့၊ ရွာများ၊ ဆေးရုံ၊ ဆေးခန်းများ၊ သာသနိက အဆောက်အအုံများ၊ စာသင်ကျောင်းများကို ဗုံးကြဲတိုက်ခိုက်နေပြီး အရပ်သားပြည်သူများကို ဦးတည်ကာ နေ့စဉ်ရက်ဆက် သတ်ဖြတ်နေခြင်းဖြစ်သောကြောင့် လေကြောင်းအန္တရာယ်ကို အထူးသတိထားကြရန် လိုအပ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ