သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လေးနှစ်ကျော်ကာလအတွင်း ရက္ခိုင်ပြည်သူ ၄၅၂ဦး ဖမ်းဆီးခံရ၊ ၅၆၀ဦး သေဆုံးခဲ့ကြောင်း AAPP ထုတ်ပြန်

AB News – မေ ၁၊ ၂၀၂၅

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁က်နေ့ စစ်ကောင်စီ အာဏာသိမ်းခဲ့သည့် အချိန်မှ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ လေးနှစ်ကျော်ကာလအတွင်း ရက္ခိုင်ပြည်သူ ၄၅၂ဦးကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၅၆၀ဦး သေဆုံးခဲ့ရကြောင်း ယနေ့ မေလ ၁ရက်နေ့တွင်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ခဲ့သည်။

လေးနှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံအနှံ့မှ အရပ်သားပြည်သူ ၂၉၀၉၄ ဦးမှာ အာဏာသိမ်းစစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်ခြင်းကို ခံခဲ့ရပြီး ဖမ်းဆီးမှုအတွင်း အမျိုးသမီး ၆၀၃၀ ဦးနှင့် ကလေး ၆၀၂ဦး ပါဝင်ကြောင်း သိရှိရသည်။

ထို့အပြင် မြန်မာနိုင်ငံအနှံ့ အရပ်သား ၆၅၈၉ဦး သေဆုံးခဲ့ပြီး အမျိုးသမီး ၁၅၄၉ဦး၊ ကလေး ၇၇၂ဦးနှင့် ဖမ်းဆီးထိန်းသိမ်းစဥ် သေဆုံးသူ ၂၀၄၅ဦးခန့် ရှိကြောင်း ထုတ်ပြန်ထားသည်။

အာဏာသိမ်းပြီးသည့်အချိန်မှ အကြမ်းဖက်စစ်ကောင်စီသည် အရပ်သားပြည်သူများကို ဥပဒေမဲ့ ဖမ်းဆီး၊ သတ်ဖြတ်နေသည့်အပြင် အရပ်ပြည်သူများ နေထိုင်သော မြို့ရွာများကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးပစ်ခတ်မှုအပါအဝင် လေကြောင်းတိုက်ခိုက်မှုများကြောင်း ပြည်သူများ၏ အသက်၊ အိုးအိမ်မှုများ နေ့စဥ်ရက်ဆက် ပျက်စီးဆုံးရှုံးလျက် ရှိနေသည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ