Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လားရှိးမြိုနယ်တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၄ ဦးသေဆုံးပြီး နေအိမ် ၂၀ ပျက်စီး

AB News- ဇန်နဝါရီ ၈၊ ၂၀၂၄

ယမန်နေ့ ဇန်နဝါရီ ၇ ရက် နေ့တွင် တအာင်းပြည်နယ်၊တပ်မဟာ ၂ စစ်ဒေသ၊  လားရှိးမြိုနယ်၊ မိုင်းယော်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီမှ  jet fighter ဖြင့်လာရောက်ပစ်ခတ်မှုကြောင့် အမျိုးသမီး ၄ ဦးသေဆုံးခဲ့ပြီး နေအိမ် ၂၀ လုံးပျက်စီးသွားကြောင်း TNLA ၏ထုတ်ပြန်ချက်အရ သိရသည်။

ဇန်နဝါရီ ၇ ရက်၊ ညနေ ၉နာရီ ၃၅မိနစ် အချိန်တွင် အကြမ်းဖက်စစ်ကောင်စီ၏ jet fighterဖြင့် ဖျက်အား ပြင်း ပေါင် ၅၀၀ ဗုံးဖြင့် ပြည်သူများအားဦးတည်၍ လေကြောင်း တိုက်ခိုက်မှုကြောင့် မိုင်းယောင်းကျေးရွာတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုသည် မိုင်းယောင်း ရွာရှိ လူနေအိမ်သိုကျရောက်ပေါက်ကွဲခဲ့သဖြင့်  အမျိုးသမီး ၄ ဦး ကျည်စထိမှန် သေဆုံးခဲ့ပြီး နေအိမ် ၂၀ လုံးမှာလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။

၎င်းနည်းတူ တစ်ရက်တည်းတွင် ဇန်နဝါရီလ ၇ ရက် နေ့လည် ၂နာရီ ၃၅မိနစ်အချိန်တွင်လည်း တအာင်းပြည်၊ တပ်မဟာ ၂ စစ်ဒေသ၊ နမ့်ဆန်မြိုနယ်၊ မြိုသစ်ကျေးရွာတွင်လည်း လေကြောင်းတိုက်ခိုက်မှုကြောင့် TNEC ကျောင်းဆရာ/ဆရာမ ၅ ဦး သေဆုံးခဲ့ပြီး အရပ်သား ၆ ဦးမှာ ထိခိုက်ဒဏ်ရာပြင်းထန်ရရှိခဲ့သည့်အပြင် စာသင်ကျောင်းနှင့် လူနေအိမ် ၇ လုံး ကျည်စထိမှန်ပျက်စခဲ့ကြောင်း သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ