Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်မြို့ စကစရေတပ်နေဗီမှပစ်ခတ်သည့် လက်နက်ကြီးကျည် အောင်ဆိပ်ကျေးရွာသို့ ကျရောက်ပေါက်ကွဲ

AB News – နိုဝင်ဘာ ၁၈၊ ၂၀၂၃

ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့အနီး စစ်ကောင်စီ ရေတပ်နေဗီမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရသေ့တောင်မြို့နယ် အောင်ဆိပ်ရွာပြင်နားသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ရသေ့တောင်မြို့ မြစ်တွင်အခြချထားသည့် စကစနေဗီသည် ယနေ့ မနက်ပိုင်း ၁၀ ကျော်ကစတင်ပစ်ခတ်ခဲ့၍ လယ်ကွင်းနားတွင်ကျရောက် ပေါက်ကွဲခဲ့ကြောင်းဒေသခံတစ်ဦးက AB News သို့ပြောသည်။

” ၁၀ နာရီကျော်လောက်က ပစ်ခတ်တာပါ၊ ဝုန်းဆိုပြီး အသံကြားလိုက်တယ်၊ ရွာသားတွေဆင်းပြေးကြတယ်၊ လူကြီးတွေက သွားကြည့်တော့ လယ်ပြင်းနား ရေအိုင်အဝန်းကြီးပေါ်နေတယ် “ဟုသည်။

ကျရောက်ပေါက်ကွဲသည့် လက်နက်ကြီးကျည်အနက်မှာ လက်တောင်အားဖြင့် ၂ တောင်ကျော်ခန့် ရှိသည်ဟု သိရသည်။

ယခုလို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ရွာသူ/ သားများစိုးရိမ်ထိတ်လန့်လျက်ရှိပြီး ရွာမှ ထွက်ပြေးနေသူတစ်ချို့ရှိကြောင်း AB News က စုံစမ်းသိရှိရသည်။

လက်ရှိတွင်လည်း ၎င်းရေတပ်နေဗီမှ ဆက်လက်ပစ်ခတ်နေသည့်အပြင် မောင်တောမြို့နယ် အင်းဒင်ရေတပ်နေဗီမှလည်း လက်နက်ကြီးများသည် ပြည်သူများရှိရာရပ်ရွာဖက်သို့ ဦးတည်ပစ်ခတ်လျက်ရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ