Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်မြို့နယ်တွင် စစ်ကောင်စီအဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်သောကြောင့် တောင်သူများ စပါးမရိတ်သိမ်းနိုင်ဖြစ်နေ၊ ပစ်ခတ်မှုများရပ်တန့်ပေးရန်ပြော

AB News – ဒီဇင်ဘာ ၁၂၊ ၂၀၂၃

ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ကောင်စီအဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေသောကြောင့် တောင်သူများမှာ စပါးမရိတ်သိမ်းဖြစ်နေကြောင်း သိရှိရသည်။

ရသေ့တောင်မြို့နယ်ရှိ ကုလားချောင်းကျေးရွာနှင့် ပြိန်းတောကျေးရွာအနီး လယ်ဧက ၄၈ကျော်မှာ မညှင်းတောင်တွင် အခြေစိုက်ထားသော စစ်ကောင်စီအဖွဲ့ တပ်မ ၂၂လက်အောက်ခံ ၂၀၅ တပ်ရင်းမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေသောကြောင့် တောင်သူများမှာ စပါးရိတ်သိမ်းရန်

ကြောက်ရွံ့နေကြကြောင်း ဒေသခံ ၁ဦးက AB News သို့ ပြောသည်။

“မညှင်းတောင်မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီ အဖွဲ့ ၂၀၅ တပ်ရင်းက တောင်သူတွေကိုလက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ လှမ်းပစ်တယ်။ သူတို့တပ်စခန်းရဲ့ မီတာ ၁၀၀၀ကျော်မှာ စပါးရိတ်သိမ်းဖို့လာတဲ့ တောင်သူတွေကို ပစ်တယ်။ အဲ့ဒါကြောင့် တောင်သူတွေမှာ စပါးမရိတ်သိမ်းနိုင်ဘဲ ဖြစ်နေတယ်” ဟု ဆိုသည်။

ကုလားချောင်းကျေးရွာသား ၁ဦးက “စစ်ကောင်စီကပစ်ခတ်နေတာကြောင့် ဒီက တောင်သူတွေမှာ စပါးမရိတ်သိမ်းနိုင်ဘူး။ ဆန်၊ စပါးဟာ ရခိုင်ပြည်ရဲ့ အဓိက ထွက်ကုန်ဖြစ်တယ်။ တောင်သူတွေမှာ ဒီစပါးတွေကိုသာ မရိတ်သိမ်းနိုင်ရင် ကျနော်တို့ အငတ်ဘေးကြုံရနိုင်တယ်” ဟု ပြောသည်။

စပါးများကို အချိန်မီရိုက်သိမ်းလို၍ ပစ်ခတ်မှုများကို ရပ်တန့်ပေးစေလိုကြောင်း ဒေသခံတောင်းသူများက ပြောသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ