Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်မြို့တွင် စစ်ကောင်စီရေတပ် နေဗီက ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး အမျိုးသား ၁ဦး သေဆုံး

ရသေ့တောင်မြို့တွင် စစ်ကောင်စီရေတပ် နေဗီက ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး အမျိုးသား ၁ဦး သေဆုံး

AB News – ဖေဖော်ဝါရီ ၂၆၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ကောင်စီရေတပ် နေဗီက ပစ်ခတ်သည့်လက်နက်ကြီးကျည်ထိမှန်ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ရက်နေ့က ​အမျိုးသား ၁ဦး သေဆုံးခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

သေဆုံးခဲ့သူမှာ ရသေ့တောင်မြို့နယ်၊ ဆင်ခုန်းတိုင်(မူဆလင်)ရွာမှ အဒူသျှောရ်ကူရ် ၅၇ နှစ် ဖြစ်သည်။

ဖေဖော်ဝါရီလ ၂၄ရက်နေ့တွင် သက်ကယ်ပြင် မူဆလင် ဒုက္ခသည်စခန်းမှ စက်လှေဖြင့် ပြန်လာသည်ကို စစ်ကောင်စီရေတပ် နေဗီက ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ကာ မူဆလင်အမျိုးသား ၁ဦး သေဆုံးခဲ့သည်ဟု ဒေသခံ ၁ဦးက ပြောသည်။

“စစ်တွေ၊ သက်ကယ်ပြင်မှာ အိမ်ထောင်ကျနေတဲ့ သမီးနဲ့ တွေ့ဖို့ အဲ့ဒီနေ့ မနက်အစောပိုင်းက သားဖြစ်သူနဲ့ သွားခဲ့တယ်။ အပြန်မှာ  သူတို့ စီးလာတဲ့ စက်လှေကို စစ်ကောင်စီရေတပ် နေဗီက ပစ်ခတ်ခဲ့တယ်။ သားဖြစ်သူတော့ ဒဏ်ရာအနည်းငယ် ရရှိခဲ့ပြီး အဒူသျှောရ်ကူရ် သေဆုံးခဲ့တယ်” ဟု ဆိုသည်။

ရသေ့တောင်မြို့ ခမရ ၅၃၇ တပ်ရင်းအနီး ရပ်ထားသည့် စစ်ကောင်စီ နေဗီက အဒူသျှောရ်ကူရ်တို့ စီးနှင်းလာသည့် စစ်လှေကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တရစပ် ပစ်ခတ်ခဲ့သောကြောင့် အဒူသျှောရ်ကူရ်၏ ဘယ်ဘက်ရင်ဘတ်တွင် ကျည်စ ထိမှန်ကာ ယင်းနေရာတွင် သေဆုံးခဲ့သည်။

ယမန်နေ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့ ည ၆နာရီခန့်အချိန်တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး ပုဏ္ဏားကျွန်းမြို့နယ်၊ မင်းကန်ရွာမှ အသက် ၁၄ နှစ်အရွယ် ကလေးငယ် ၁ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။

ထို့အပြင် စစ်ကောင်စီအဖွဲ့က ပစ်ခတ်သည့် လက်နက်ကြီးကျည်များမှာ မင်းကန်ရွာထဲ ကျရောက် ပေါက်ကွဲခဲ့ပြီး  နေအိမ်များလည်း ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။

Website
www.arakanbaynews.com    

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ