Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရမ်းဗြဲမြို့သို့  လေကြောင်းဖြင့်စစ်ကူရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ကျော်ကို ၃ ရက်ကြာအတွင်း AA ချေမှုန်း

ရမ်းဗြဲမြို့သို့  လေကြောင်းဖြင့်စစ်ကူရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ကျော်ကို ၃ ရက်ကြာအတွင်း AA ချေမှုန်း

AB News – ဖေဖော်ဝါရီ ၂၇ ၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့သို့  လေကြောင်းဖြင့်စစ်ကူရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ကျော်ကို ၃ ရက်ကြာအတွင်း AA ချေမှုန်းထားပြီဖြစ်ကြောင်း ယမန်နေ့ ဖေဖော်ရီလ ၂၆ ရက်နေ့က ထုတ်ပြန်လိုက်သည်။

အကြမ်းဖက်စစ်ကောင်စီအဖွဲ့သည် ရမ်းဗြဲမြို့ကို လက်မလွှတ်ရေးအတွက် ကြည်း၊ရေ၊လေ ပူးပေါင်းပြီး အပြင်းအထန်တိုက်ခိုက်ခဲ့သည့်အတွက် မြို့ပေါ်ရှိ ဒေသခံအချို့သေဆုံးကာ ​အိမ်များပြာကျခဲ့ရပြီး ဆေးရုံ၊ဆေးခန်းများ ပျက်စီးခဲ့ရသည်။

ထုတ်ပြန်ချက်တွင် ဖေဖော်ဝါရီ (၂၄/၂၅) နှစ်ရက်အတွင်း အဆိုပါစစ်ကူစစ်ကြောင်းမှ အင်အား (၆၀) ကျော်ကိုလည်းကောင်း၊ ဖေဖော်ဝါရီ (၂၆) ရက်နေ့တွင် အင်အား (၂၀) ကျော်ကိုလည်းကောင်း မိမိတို့မှ ချေမှုန်းထားပြီးဖြစ်သည်။ ထို့ကြောင့် သုံးရက်အတွင်း အဆိုပါစစ်ကူ စစ်ကြောင်းမှ အင်အား (၈၀) ကျော်ကို သုတ်သင်ရှင်းလင်းခဲ့ပြီးဖြစ်ကြောင်း AA ကဆိုသည်။

 ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ရမ်းဗြဲမြို့သို့ စစ်ကူချပေးရန်လာသည့်အနောက်တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ၊ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့အခြေစိုက် ခလရ ( ၃၆) တပ်ရင်းနှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ အမ်းမြို့အခြေစိုက် ခမရ ( ၃၇၃) တပ်ရင်းတို့ကို ရက္ခိုင့်တပ်တော်က ကြားဖြတ်ဝင်တိုက်ခဲ့ရာ စစ်ကောင်စီဖက်မှ လေယာဥ် ၈ စီးထက်မနည်း ခုခံပစ်ခတ်ခဲ့သည်။

ထို့သို့ပစ်ခတ်နေစဥ်အတွင်း စစ်ကောင်စီသည် လေကြောင်း (Y-12) မှ တစ်ဆင့် ရိက္ခာ၊ လက်နက်ခဲယမ်းများကို ဖေဖော်ဝါရီလ (၂၆) ရက်၊ နေ့လည်ပိုင်းတွင် ရမ်းဗြဲမြို့အတွင်းရှိ ၎င်းတို့တပ်ဖွဲ့ဝင်များထံလာရောက်ချခဲ့သော်လည်း အဆိုပါပစ္စည်းများ ကို  ရက္ခိုင့်တပ်တော်မှ သိမ်းဆည်းရမိခဲ့ကြောင်း AA ၏ထုတ်ပြန်ချက်အရသိရသည်။

ထို့အပြင် လက်နက်ချအညံ့မခံသေးသောစခန်းများထဲမှ တစ်ခုဖြစ်သည့် ပုဏ္ဏားကျွန်းမြို့မှ “ခမရ (၅၅၀) တပ်ရင်းဌာနချုပ်” ကိုလည်း ရက္ခိုင့်တပ်တော်မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည့်နည်းတူ တပ်မ (၂၂) လက်အောက်ခံ၊ ခမရ (၂၀၁) တပ်ရင်းမှ စခန်းထိုင်သော မောင်တောမြို့မြောက်ဘက်ရှိ ကြိမ်ချောင်း၊ တောကျောင်းစခန်းကိုလည်း ရက္ခိုင့်တပ်တော်မှ (ဒုတိယနေ့အဖြစ်) ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိိကြောင်း AA ကဆိုသည်။

ထို့အတူ ဘူးသီးတောင်မြို့နယ်၊ သရဖီကျေးရွာအနီးရှိ စစ်ကောင်စီ၏ “ခမရ ( ၅၅၂) တပ်ရင်း” ကိုလည်း ရက္ခိုင့်တပ်တော်မှ (တတိယနေ့အဖြစ်) ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

လက်ရှိတွင် လက်ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရက္ခိုင့်တပ်တော် လိုက်လံချေမှုန်းလျက်ရှိသည်။

Website
www.arakanbaynews.com    

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ