Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရမ်းဗြဲမြို့မှ ပညာရေးဝန်ထမ်း ၁ဦးအား စစ်ကောင်စီအဖွဲ့က မတရားဖမ်းဆီးသွားကြောင်းသိရ

ရမ်းဗြဲမြို့မှ ပညာရေးဝန်ထမ်း ၁ဦးအား စစ်ကောင်စီအဖွဲ့က မတရားဖမ်းဆီးသွားကြောင်းသိရ

AB News – နိုဝင်ဘာ ၃၀၊ ၂၀၂၃

ရက္ခိုင်ပြည်၊ ရမ်း​​​​​ဗြဲမြို့ရှိ ပညာရေးဝန်ထမ်း ၁ဦးအား စစ်ကောင်စီအဖွဲ့မှ ဖမ်းဆီးခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ဖမ်းဆီးခံရသူမှာ ရမ်း​ဗြဲမြို့၊ အင်းတောင် အမှတ် ၃ရပ်ကွက်မှ ဦးအေးမင်းသူ (ခ) ပွတန် ၂၇နှစ် ဖြစ်သည်။

ယမန်နေ့ နိုဝင်ဘာ ၂၉ရက်၊ ညနေ ၇နာရီအချိန်တွင် ဦးအေးမင်းသူ နှင့် သူငယ်ချင်း ၂ဦးသည်

ဆိုင်ကယ်ဖြင့် အိမ်ပြန်လာရာ အင်းတောင်တံတားတွင် စစ်ကောင်စီအဖွဲ့၏ စစ်သားများနှင့် ရဲသားများက ဦးအေးမင်းသူအား ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

ဦးအေးမင်းသူအား ရမ်း​ဗြဲမြို့၊ ဥတ္တရာရပ်ကွက် သိမ်တောင်ဘုရားတွင် အခြေစိုက်ထားသော စစ်ကောင်စီအဖွဲ့က ဖမ်းဆီးသွားကြောင်း မြို့ခံ ၁ဦးက ပြောသည်။

“မနေ့က ညနေ့ ၈နာရီမှာ အေးမင်းသူနှင့် သူ့ သူငယ်ချင်း ၂ဦး ဆိုင်ကယ်နဲ့ အိမ်ပြန်လမ်းမှာ အင်းတောင် တံတားအရောက်မှာ စစ်တပ်က ဖမ်းသွားတယ်။ သူ့သူငယ်ချင်းတွေကို ပြန်လွှတ်လိုက်ပြီး

အေးမင်းသူကို ဖမ်းဆီးသွားတယ်” ဟု ဆိုသည်။

ဖမ်းဆီးခရသူ ဦးအေးမင်းသူမှာ ပညာရေးရုံးမှ ဝန်ထမ်း ၁ဦးဖြစ်ကြောင်း သိရှိရသည်။

မိသားစုဝင်များမှာ ဦးအေးမင်းသူအား အဆက်အသွယ်မရသဖြင့် အလွန်စိုးရိမ်နေကြသည်။

ထို့အပြင် နိုဝင်ဘာလ ၂၆ရက်နေ့ ရမ်းဗြဲမြို့တွင် စစ်ကောင်စီအဖွဲ့မှ ကျော်ကျော်ဌေးနှင့် ညီချေတို့အား ဖမ်းဆီးပြီး၊ နိုဝင်ဘာလ ၂၉ရက်နေ့တွင် ဆေးဆိုင်ပိုင်ရှင် ဦးလှထွန်းအားလည်း မတရား ဖမ်းဆီး ထိန်းသိမ်းထားသည်။

ရမ်းဗြဲမြို့တွင် စစ်ကောင်စီအဖွဲ့နှင့် ရက္ခိုင့်တပ်တော်တို့ကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသလို ရက္ခိုင့်တပ်တော်လှုပ်ရှားမှုလည်း မရှိသလောက် နည်းပါးသည်။

#AB_News#ရမ်းဗြဲမြို့#စကစကပြည်သူများကိုဖမ်းဆီးနေ

Telegram ၊Website နှင့် Facebookများ တွင် Arakan Bay News သတင်းများကို ဖတ်ရှုနိုင်ပါသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ