Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရမ်းဗြဲမြို့တွင် မြို့ခံအရပ်သားလူငယ် ၂ဦးအား စစ်ကောင်စီတပ်ကဖမ်းဆီး

ရမ်းဗြဲမြို့တွင် မြို့ခံအရပ်သားလူငယ် ၂ဦးအား စစ်ကောင်စီတပ်ကဖမ်းဆီး

AB News – နိုဝင်ဘာ ၂၇၊ ၂၀၂၃

ရက္ခိုင်ပြည်၊ ရမ်း​ဗြဲမြို့တွင် မြို့ခံ အရပ်သားလူငယ် ၂ဦးအား စစ်ကောင်စီ ရဲနှင့် စစ်သား အင်အား ၂၀ခန့်က ဖမ်းဆီးသွားကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ဖမ်းဆီးခံရသူများမှာ ရမ်း​ဗြဲမြို့၊ တောင်ဥက္ကလာ အမှတ် ၅ရပ်ကွက်မှ အဖ ဦးမိုးကျော်၏သား ကျော်ကျော်ဌေး ၁၈နှစ်နှင့် အဖ ဦးခင်မောင်မြင့်၏သား ညီချေ ၂၂နှစ်တို့ဖြစ်သည်။

ယမန်နေ့ နိုဝင်ဘာ ၂၆ရက်၊ ညနေ ၇နာရီအချိန် မထွေးတင်မုန့်တီဆိုင်ရှေ့တွင် ကျော်ကျော်ဌေးနှင့် ညီချေတို့အား တောင်ဥက္ကလာရပ်ကွက် သိမ်တောင်ဘုရားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့ကြောင်း ရမ်း​ဗြဲမြို့မှ လုံခြုံရေးအရ အမည်မ​ဖော်လိုသူ ၁ဦးက AB Newsသို့ ပြောသည်။

“မနေ့က ညနေ ၇နာရီအချိန်မှာ သူတို့သူငယ်ချင်းတွေနှင့် မုန့်စားပြီး ပြန်လာတဲ့အချိန်မှာပေါ့။ မထွေးတင်မုန့်တီဆိုင်ရှေ့မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတာပါ” ဟု ဆိုသည်။

ဖမ်းဆီးခံထားရသူများကို မည်သည့်နေရာတွင် ထိန်းသိမ်းထားကို မသိရသေးသဖြင့် ဖမ်းဆီးခံရသူ၏ မိဘများမှာ လွန်စွာ စိုးရိမ်နေကြောင်း သိရှိရသည်။

ထို့အပြင် ယမန်နေ့ နိုဝင်ဘာ ၂၆ရက်နေ့တွင်လည်း ဘူးသီးတောင်မြို့မှ အရပ်သားပြည်သူ ၂ဦးအား စစ်ကောင်စီအဖွဲ့မှ ဖမ်းဆီးသွားကြောင်း သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ