Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရမ်းဗြဲမြို့တွင် ဆေးရောင်းနေသော အမျိုးသားတစ်ဦးအား AA နှင့်ဆက်စပ်သည်ဟုဆိုကာ စကစ ဖမ်းဆီး

ရမ်းဗြဲမြို့တွင် ဆေးရောင်းနေသော အမျိုးသားတစ်ဦးအား AA နှင့်ဆက်စပ်သည်ဟုဆိုကာ စကစ ဖမ်းဆီး

AB News – နိုဝင်ဘာ ၂၉၊ ၂၀၂၃

ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့ အောင်ဆိပ် အမှတ် ၄ ရပ်ကွက်မှ ဆေးရောင်းနေသော အမျိုးသားတစ်ဦးအား AA နှင့်ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီမှ ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံတစ်ဦးမှ AB News သို့ သတင်းပေးပို့လာခဲ့သည်။

ဖမ်းဆီးခံရသူမှာ အဖ ဦးထွန်းဦးခိုင်၏သား အသက် ၃၉ နှစ်အရွယ် ဦးလှထွန်းဖြူ ဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသည် ယနေ့နံနက် ၇ နာရီ ၂၃ မိနစ်တွင် ဆေးဆိုင်တွင်းရှိ ဆေးရာင်းနေသော အမျိုးသားတစ်ဦးကို စကစမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း အမည်ဖဖော်လိုသည့် ဒေသခံတစ်ဦးက AB News သို့ ပြောသည်။

” သူက သာမန်လူတန်းစားအခြေခံ ဆေးရောင်းနေသူတယောက်ပါ၊ AA နဲ့ဆက်စပ်တယ်လို့ပြောပြီး ဖမ်းဆီး သွားပါတယ် ” ဟု ဆိုသည်။

လက်ရှိတွင် ၎င်းအား မည်သည့်နေရာသို့ ဖမ်းဆီးသွားသည်ကို တိတိ ကျကျ မသိရှိရသည့်အတွက် မိသားစုဝင်များ စိုးရိမ်လျက်ရှိသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၇ ရက်နေ့ကလည်း ရမ်း​​ ရမ်းဗြဲမြို့တောင်ဥက္ကလာ အမှတ် ၅ ရပ်ကွက်မှ အသက် ၁၈ နှစ်အရွယ် မောင်​ကျော်ကျော်ဌေးနှင့် အသက် ၂၂ နှစ်အရွယ် မောင်ညီချေတို့သည် မထွေးတင်မုန့်တီဆိုင်ရှေ့တွင်ရပ်လျက် စကားပြောနေကြစဥ် သိမ်တောင်ဘုရားတွင် တပ်စွဲထားသည့် စကစ အဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့သည်။

စစ်ကောင်စီမှ ၎င်းတို့ ၂ ဦးအာ အဝတ်များကိုချွတ်ပြီး ရိုက်နှက်ကာ နေပူကျဲကျဲထဲတွင် နေလှန်းထားကြောင်း သိရသည်။

ရမ်းဗြဲတွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ကြား တိုက်ပွဲ ဖြစ်ပွားခြင်း လုံးဝမရှိဘဲ စစ်ကောင်စီက အရပ်သားးများအား ဖမ်းဆီးနေခြင်းဖြစ်သည်။

အလားတူ နိုဝင်ဘာလ ၂၆ ရက်နေ့ကလည်း ဘူးသီးတောင်မြို့မှ အရပ်သားပြည်သူ ၂ဦးအား စစ်ကောင်စီအဖွဲ့မှ ဖမ်းဆီးသွားခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အရပ်ပြည်သူများအား AA နှင့်ဆက်စပ်သည်ဟု ခေါင်းစဥ်တပ်ပြီး လိုက်လံဖမ်းဆီးနေခြင်း၊ ကျေးရွာများသို့သွားပြီး ULA/AA အားအလိုမရှိဟု ဝါဒဖြန့် စာရွက်များ ကပ်ခြင်းများကို တစိုက်မတ်မတ် လုပ်လာသည်ကို တွေ့ရသည်။

#AB_News#ရမ်းဗြဲ#အရပ်သားများအားဖမ်းဆီးခြင်း

Telegram နှင့် Website နှင့် Facebookများ တွင် Arakan Bay News သတင်းများကို ဖတ်ရှုနိုင်ပါသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ