Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရမ်းဗြဲမြို့တွင် စစ်ကောင်စီပစ်ကျည်ထိ၍ ဒေသခံ ၁ ဦးဒဏ်ရာရ

AB News – ဇန်နဝါရီ ၁၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ရမ်းဗြဲ မြို့တွင် စစ်ကောင်စီအဖွဲ့က လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ယမန်နေ့ ဒီဇင်ဘာလ ၃၁ရက်နေ့၊ နံနက် ၁၀ နာရီခန့်အချိန်တွင် ဒေသခံ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ဒဏ်ရာရရှိခဲ့သူမှာ ရမ်းဗြဲမြို့၊ အမှတ် ၂ ရပ်ကွက် အိုးဖိုစုမှ ဦးခင်မောင်ဌေး ဖြစ်သည်။

ရမ်းဗြဲမြို့တွင် စစ်ကောင်စီအဖွဲ့က လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဦးခင်မောင်ဌေး၏ ဘယ်ဘက် ပခုံးတွင် ဒဏ်ရာရရှိခဲ့သည်။

ယမန်နေ့ ဒီဇင်ဘာလ ၃၁ရက်နေ့၊ နံနက် ၁၀ နာရီခန့်အချိန်တွင် ရပ်ကွက်ဓမ္မာရုံတွင် စခန်းချနေထိုင်သည့် စစ်ကောင်စီအဖွဲ့က လက်နက်ငယ်ဖြင့် ပစ်ခတ်သောကြောင့် ရမ်း​ဗြဲမြို့၊ အမှတ် ၂ ရပ်ကွက် အိုးဖိုစုမှ အမျိုးသား ၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြို့ခံ ၁ဦးက ပြောသည်။

“မနေ့က မနက် ၁၀ နာရီကျော်အချိန်မှာ အိမ်မှာ နေတဲ့ ဦးခင်မောင်ဌေးကို စစ်ကောင်စီရဲ့ စစ်သားတွေက ဓမ္မာရုံရှေ့ကနေပြီး ပစ်ခတ်ခဲ့တယ်။ အဲ့ဒါကြောင့် ဦးခင်မောင်ဌေးရဲ့ ဘယ်ဘက် ပခုံးမှာ ဒဏ်ရာရရှိခဲ့တယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၃၀ ရက်နေ့ ၁၁ နာရီ ၃၀မိနစ်အချိန်တွင် ရမ်းဗြဲမြို့ကို စစ်ကောင်စီအဖွဲ့၏ ရေတပ် နေဗီများက လက်နက်ကြီးများအဆက်မပြတ် ​ပစ်ခတ်ခဲ့သောကြောင့် ရမ်းဗြဲမြို့ အမှတ် ၅ လောင်းချောင်းရပ်ကွက်မှ နေအိမ်အချို့ မီးလောင်ခဲ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ