Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်ပြည်တွင်း သတင်းဌာနများမှ သတင်းများတွင် မှတ်ချက်ရေးသားခြင်း၊ မျှဝေခြင်း၊ ထပ်ဆင့်မျှဝေခြင်းများ ပြုလုပ်နေသူများအား ဖမ်းဆီးရန် အကြမ်းဖက် စစ်ကောင်စီအဖွဲ့ စာရင်းပြုနေကြောင်း သိရ

ရက္ခိုင်ပြည်တွင်း သတင်းဌာနများမှ သတင်းများတွင် မှတ်ချက်ရေးသားခြင်း၊ မျှဝေခြင်း၊ ထပ်ဆင့်မျှဝေခြင်းများ ပြုလုပ်နေသူများအား ဖမ်းဆီးရန် အကြမ်းဖက် စစ်ကောင်စီအဖွဲ့ စာရင်းပြုနေကြောင်း သိရ

AB News – ဒီဇင်ဘာ ၅၊ ၂၀၂၃

ရက္ခိုင်ပြည်တွင်း သတင်းဌာနများမှ သတင်းများတွင် မှတ်ချက်ရေးသားခြင်း၊ မျှဝေခြင်း၊ ထပ်ဆင့်မျှဝေခြင်းများ ပြုလုပ်သူများအား ဖမ်းဆီးရန် စာရင်းပြုစုနေကြောင်း ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့ မနက် ၈နာရီ ၄၈ မိနစ်အချိန်တွင် စစ်ကောင်စီအဖွဲ့ ဝါဒဖြန့် အဖွဲ့ Anti-Terrorism Team of Rakhine State’s Telegram Channelမှ ဖော်ပြချက် အရ သိရှိရသည်။

မှတ်ချက်ရေးသားခြင်း၊ မျှဝေခြင်း၊ ထပ်ဆင့်မျှဝေခြင်း ပြုလုပ်သားသူများအား ဖမ်းဆီးအရေးယူမည်ဟု ဖော်ပြထားသော ရက္ခိုင်ပြည်တွင်း သတင်းဌာနများမှာ Development Media Group (DMG)၊ One Nation News၊ Arakan Princess Media(APM)၊ Border News Agency (BNA)၊ Narinjara၊ Arakan Bay News (ABN)၊ Voice of Westland၊ Cuckoo Chay Blog တို့ဖြစ်သည်။

ထို့အပြင် အဆိုပါသတင်းဌာနများမှ သတင်းများအား ကြည့်ရှု ထောက်ခံသူများအား ပြည်ပတွင် နေထိုင်သူများဖြစ်ပါက ဗီဇာသက်တမ်းတိုးချိန်တွင် ဖမ်းဆီးအရေးယူရန် ဆောင်ရွက်နေကြောင်း စစ်ကောင်စီအဖွဲ့၏ ဝါဒဖြန့်မီဒီယာတွင် ဖော်ပြထားသည်။

သတင်းမီဒီယာ လွတ်လပ်မှုအား ဖိနှိပ်ထားပြီး သတင်းသမားများအား ဖမ်းဆီးနှိပ်စက်ခြင်း၊ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်းသည် စစ်အာဏာရှင် အစိုးရအဆက်ဆက်၏ ဓလေ့ဖြစ်ကြောင်း စစ်တွေမြို့ခံ ၁ဦးက ပြောသည်။

“စစ်ကောင်စီအဖွဲ့ဟာ သတင်းလွတ်လပ်မှုကို ဖိနှိပ်ထားတယ်။ သတင်းသမားတွေကို ဖမ်းဆီး ထောင်ချတယ်။ စစ်ကောင်စီအဖွဲ့ဟာ ပြည်သူတွေကို သတင်းအမှောင်ချပြီး လိမ်နေတာ” ဟု ဆိုသည်။

စစ်ကောင်စီအဖွဲ့၏ ဝါဒဖြန့်အဖွဲ့များဖြစ်သည့် May Yu Htar Nay၊ Western 24၊ ရမ်းဗြဲသတင်းစုံ၊ DOROR WADDY MEDIA နှင့် Min Chit Oo Telegram Channelတို့ဖြင့် ရက္ခိုင်ပြည်တွင်း သတင်းဌာနများမှ သတင်းများအား သတင်းတု သတင်းမှားဟု ရေးသားကာ ပြောင်ပြောင်တင်းတင်း ဝါဒဖြန့်လိမ်လည်လျက်ရှိသည်။

စစ်တွေမြို့တွင်း ရုံးစိုက်လျက် သတင်းလုပ်ငန်းများ လုပ်ကိုင်နေသည့် ရက္ခိုင်အခြေစိုက် မီဒီယာများအားလည်း ဖမ်းဆီးမှု၊ခြိမ်းခြောက်မှုများ ပြုလုပ်သည့်အတွက် သတင်းထောက်များမှာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၉ရက်၊ ၁၂နာရီကျော်အချိန်တွင် DMG သတင်းထောက် ကိုထက်အောင် နှင့် ရုံးတွင်း ညစောင့် ကိုစိုးဝင်းအောင်တို့အား စစ်တွေမြို့ ဝင်္ကကွင်းတွင် သတင်းယူနေစဥ် စစ်ကောင်စီအဖွဲ့မှ ဖမ်းဆီးပြီး တရားစွဲဆိုထားသည်။

ထို့အပြင် DMG၊ နိရဥ္ဇရာနှင့် Western News သတင်းဌာနများမှ အယ်ဒီတာချုပ်များမှာလည်း စစ်ကောင်စီအဖွဲ့၏ ဖမ်းဝရမ်းထုတ်ခံထားရသူများဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ