Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်တိုက်ပွဲ ၁၆ရက်အတွင်း ပေါက်တောမြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ ခုနှစ်သောင်းကျော်ထိရှိလာ

ရက္ခိုင်တိုက်ပွဲ ၁၆ရက်အတွင်း ပေါက်တောမြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ ခုနှစ်သောင်းကျော်ထိရှိလာ

AB News – နိုဝင်ဘာ ၂၉၊ ၂၀၂၃

ရက္ခိုင်ပြည်၊ ပေါက်တောမြို့နယ်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ ၁၆ရက်ကြာ တိုက်ပွဲအတွင်း စစ်ဘေးရှောင်ဦးရေ ခုနှစ်သောင်း ရှစ်ထောင်ကျော် အထိရှိလာခဲ့ကြောင်း သိရှိရသည်။

ယနေ့ နိုဝင်ဘာ ၂၉ရက်နေ့ နေ့လည်၂၀မိနစ်အချိန်တွင် Arakan Responders for Emergency (ARE) ၏ ထုတ်ပြန်ချက်အရ ပေါက်တောမြို့နယ်တွင် စစ်ရှောင်ဦးရေ ၇၈,၁၉၄ဦး အထိရှိလာခဲ့သည်ဟု သိရသည်။

ထိုစစ်ဘေးရှောင်များအား ARE မှ ဆန်အိတ် ၅၀၀ ခန့် ဖြန့်ဝေ ကူညီပေးထားကြောင်း ပြောသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ပေါက်တောမြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်မှ အရပ်သားပြည်သူများအား လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ အစုလိုက်အ​ပုံလိုက် သတ်ဖြတ်မှုများ ပြုလုပ်ခဲ့သည်။

စစ်ကောင်စီအဖွဲ့က အရပ်သား ပြည်သူများအား လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခြင်း၊ ကြည်း၊ ရေ၊ လေ တိုက်ခိုက် သတ်ဖြတ်ခြင်းများကြောင့် ပြည်သူများမှာ နေအိမ်စွန့်ခွာ ထွက်ပြေးကြရခြင်းဖြစ်သည်။

စစ်ကောင်စီက ပေါက်တောမြို့တွင်း နေရာယူ ပိတ်ဆို့ထားမှုကြောင့် ပိတ်မိနေသူများ ရှိနေဆဲ ဖြစ်ပြီး ထိုသူများအား ရက္ခိုင့်တပ်တော်က ကယ်ထုတ်ရန် ဆက်လက်ကြိုးစားနေဆဲ ဖြစ်သည်။

စစ်ကောင်စီအဖွဲ့အား လက်နက်ကြီးများဖြင့် ပေါက်တောမြို့အား နေ့တိုင်း ပစ်ခတ်နေပြီး ပေါက်တောမြို့ထဲရှိ ဈေးအပါအဝင် နေအိမ်အချို့လည်း မီးလောင် ပျက်စီးသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။

လူမှုကယ်ဆယ်ရေးအဖွဲ့များမှာလည်း စစ်ကောင်စီက ကုန်းလမ်း ရေလမ်းများကို ပိတ်ဆို့ထားသည့်အတွက် စစ်ဘေးရှောင်ပြည်သူများအား ကူညီရန် အခက်တွေ့လျက်ရှိကြောင်း ပြောသည်။

ဓာတ်ပုံ-ပေါက်တောမှ စစ်ဘေးရှောင်များအားတွေ့ရစဥ်/ARE

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ