Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်တိုက်ပွဲ ၁၃ရက်အတွင်း သေဆုံးသူ ၃၀ ဦးနှင့် ဒဏ်ရာရသူ ၄၆ ဦးထက် မနည်းရှိလာ

ရက္ခိုင်တိုက်ပွဲ ၁၃ရက်အတွင်း သေဆုံးသူ ၃၀ ဦးနှင့် ဒဏ်ရာရသူ ၄၆ ဦးထက် မနည်းရှိလာ

AB News- နိုဝင်ဘာ ၂၆၊ ၂၀၂၃

ရက္ခိုင်ပြည်နှင့် ပလက်ဝမြို့တွင် နိုဝင်ဘာလ ၁၃ရက်နေ့မှ စတင်၍ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ကြား ဖြစ်ပွားခဲ့သည့် ရက္ခိုင်တိုက်ပွဲ ၁၃ ရက်အတွင်း အရပ်သားသေဆုံးသူ ၃၀ဦးရှိပြီး ဒဏ်ရာရသူ ၄၆ဦးထက်မနည်းရှိခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

Arakan Bay News-ABN မှ နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၂၆ ရက်နေ့အထိ ရက္ခိုင်ပြည်တွင်း မီဒီယာများတွင် သတင်းဖော်ပြထားသည်ကို စုစည်းထားခြင်းဖြစ်သည်။

AB News မှ စုံစမ်း စစ်ဆေးချက်စာရင်းအရ သေဆုံးသူ ၃၀ ဦးနှင့် ဒဏ်ရာရသူ ၄၆ ဦးထက်မနည်းရှိသည်။

သေဆုံးသူ ၃၀ ဦးထဲတွင် အမျိုးသမီး ၇ ဦး၊ အမျိုးသား ၁၅ ဦးနှင့် အမည် ကျား/မ မသိသူ ၈ ဦးတို့ဖြစ်သည်။

ဒဏ်ရာရရှိသူ ၄၆ ဦးတို့တွင် ကျား ၁၆ဦး၊ မ ၁၈ဦး၊ အမည်၊ကျား၊မ မသိသူ ၁ဦးဖြစ်ပြီး အသက် ၁၈နှစ်မပြည့်သူ ကျား ၄ဦး၊ မ ၇ဦးနှင့် အမည်၊ ကျား၊မ မသိ ၉​ဦး ပါဝင်သည်။

သေဆုံးခဲ့သူများမှာ ပေါက်တောမြို့မှ ၁၅ဦး၊ မင်းပြားမြို့မှ ၄ဦး၊ ကျောက်တော်မြို့မှ ၂ဦး၊ မြောက်ဦးမြို့မှ ၂ဦး၊ အမ်းမြို့မှ ၂ဦး၊ ရသေ့တောင်မြို့မှ ၁ဦး၊ ဘူးသီးတောင်မြို့မှ ၁ဦး၊ မောင်တောမြို့မှ ၁ဦး၊ ပလက်ဝမြို့မှ ၁ဦးတို့ ဖြစ်သည်။

ဒဏ်ရာရရှိခဲ့သူများမှာ မင်းပြားမြို့မှ ၂၁ဦး၊ ရသေ့တောင်မြို့မှ ၆ဦး၊ ကျောက်တော်မြို့မှ ၅ဦး၊ အမ်းမြို့မှ ၄ဦး၊ မြေပုံမြို့မှ ၃ဦး၊ မြောက်ဦးမြို့မှ ၁ဦး၊ ဘူးသီးတောင်မြို့မှ ၁ဦး၊ ပုဏ္ဏားကျွန်းမြို့မှ ၃ဦး၊ မောင်တောမြို့မှ ၁ဦး၊ ပေါက်တောမြို့မှ ၁ဦးတို့ ဖြစ်သည်။

သေဆုံးဒဏ်ရာရရှိခဲ့သူများမှာ စစ်ကောင်စီတပ်၏ လက်နက်ကြီး၊ လက်နက်ငယ်၊ နေဗီများများမှ မြို့ရွာများအပေါ် ပစ်ခတ်နေခြင်းသည် အရပ်သားများအပေါ် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံ သတ်ဖြတ်နေခြင်းသာ ဖြစ်သည်ဟု စစ်တွေမြို့ခံ တစ်ဦးက ဆိုသည်။

“စစ်ကောင်စီတပ်ဟာ စစ်ပွဲတွေဖြစ်လာရင် ​အရပ်သားပြည်သူတွေကို ဦးတည်လာတယ်။ မြို့၊ ရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တယ်။ ဒါဟာ သူရဲဘောကြောင်တဲ့ လုပ်ရပ်သာ ဖြစ်တယ်။ ပြီးတော့ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းချိုးဖောက်တာဖြစ်ပါတယ် ” ဟု ဆိုသည်။

နိုဝင်ဘာလ ၁၃ရက်နေ့ ကျောက်တော်မြို့ ကန်စောက်တောင်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ​ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာမှ သက်ကြီးပိုင် ၂ဦး သေဆုံးကာ ၁ဦး ဒဏ်ရာရရှိခဲ့သည်။

မြောက်ဦးမြို့ မြင်းခုန်တန်းရပ်ကွက်တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အိမ်စီးကား ၁စီးနှင့် တုတ်တုတ်ယာဥ်၁စီးအား ပစ်ခတ်မှုကြောင့် ၂ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့သည်။

နိုဝင်ဘာလ ၁၄ရက်တွင် စစ်ကောင်စီတပ်မှ နှစ်ဘက်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မင်းပြားမြို့နယ်၊ ဆင်ကြီးပြင်(မူဆလင်)ကျေးရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် အရပ်သား ၂ဦးသေဆုံးပြီး၊ ၁၀ဦး ဒဏ်ရာရရှိခဲ့သည်။

ယနေ့ နိုဝင်ဘာလ ၂၆ရက်၊ နေ့လည် ၂နာရီ၊ ၄၅မိနစ်အချိန်တွင် စစ်ကောင်စီအဖွဲ့က ဒရုန်းမှ ချခဲ့သည့် ဗုံးပေါက်ကွဲပြီး ပုဏ္ဏားကျွန်းမြို့နယ်၊ ခမောင်းတောရွာမှ မဝင်းချေ ၃၉နှစ် ဘယ်ဘက်မျက်လုံးကန်းသွားသည့်အပြင် ခြေ၊လက်တို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရဲရိုးပြင်ရွာမှ ဦးစိန်သာထွန်း ၆၇နှစ်၏ ဘယ်ဘက်လက်တံတောင်ဆစ်တွင် ပြင်းထန်စွာ ထိခိုက်ဒဏ်ရရှိခဲ့ကြောင်း သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ