Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်တိုက်ပွဲကာလအတွင်း အကြမ်းဖက်စစ်ကောင်စီအဖွဲ့က အုပ်စုဖွဲ့ မုဒိန်းကျင့် သတ်ဖြတ်မှုကျူးလွန်သူများအား AA ထုတ်ဖော် (၂)

AB News-မတ်လ ၄၊ ၂၀၂၄

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၇) ရက်နေ့တွင် ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ၏ တပ်မ (၂၂) လက်အောက်ခံ၊ ခမရ (၂၀၅) တပ်ရင်းမှ မင်းပြားမြို့နယ်၊ င/တန်ပျင်းကျေးရွာသူ သားအမိနှစ်ယောက်အနက် သမီးဖြစ်သူအား အုပ်စုဖွဲ့မုဒိမ်းကျင့်ခဲ့ကြသည်ဟု ထွက်ဆိုပြီး သရုပ်ပြ ရုပ်သံမှတ်တမ်းအား ရက္ခိုင့်တပ်တော်က မတ်လ ၃ ရက်နေ့ညဥ့်တွင် ထုတ်ပြန်လိုက်သည်။

ရုပ်သံဖိုင်မှာ အဆိုပါသားအမိနှစ်ယောက်စလုံးကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သည့် စစ်ရာဇဝတ်မှု၌ ကိုယ်တိုင်ပါဝင်ခဲ့သူ ကိုယ်ပိုင်အမှတ် – တတ/၁၂၅၉၄၀ တပ်သား ကိုကိုအောင်၏ ဝန်ခံထွက်ဆိုချက်ဖြစ်သည်။

၂၀၂၀ ခုနှစ် တိုက်ပွဲကာလကလည်း ရက္ခိုင်ပြည် ရသေ့တောင်မြို့နယ် ဦးဂါရွာမှ အမျိုးသမီး ၁ ဦးအား အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်း ၁ ခုမှ အဖွဲ့ဝင် ၃ ဦးက အဓမ္မပြုကျင့်ခဲ့သည်။

ထိုနည်းအတူ မြန်မာတပ်မတော် အမည်ခံ လက်နက်ကိုင် သောင်းကျန်းသူ မုဒိန်းကျင့် လူသတ်အဖွဲ့သည် တိုင်းရင်းသားဒေသများအတွင်း တိုက်ပွဲကာလများတွင် အုပ်စုဖွဲ့ မုဒိန်းကျင့်သည်ကို လက်နက်တစ်ခုအဖြစ် အသုံးပြုသည်ကို လေ့လာတွေ့ရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ