Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦး ဘုရားပေါ်စစ်ဘေးရှောင်စခန်းတွင် စစ်ကောင်စီက ဒရုန်းဖြင့် လာရောက်ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင် ၂ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာပြင်းထန်ရ

AB News-ဒီဇင်ဘာ ၂၆၊ ၂၀၂၃

မြောက်ဦးမြို့တွင် ယနေ့ ည ၇ နာရီခွဲကျော်ခန့်က ဘုရားပေါ်ဘုန်းတော်ကြီးကျောင်းတွင် ရှိသည့် စစ်ဘေးရှောင်များ နေထိုင်သည့် ဓမ္မာရုံကို စစ်ကောင်စီက ဒရုန်းဖြင့် ရည်ရွယ်ချက်ရှိရှိ လာရောက်ပစ်ခတ်၍ စစ်ဘေးရှောင် ၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာ ပြင်းထန်ဒဏ်ရာရသွားကြောင်း သိရသည်။

သေဆုံးသူ ၂ ဦးမှာ အသက် ၅၂ နှစ်အရွယ် ဒေါ်သိန်းဝါနု နှင့် အသက် ၉ နှစ်ခန့်အရွယ် ကလေးငယ်တစ်ဦးဖြစ်ပြီး ဒဏ်ရာရရှိခဲ့သူများ၏ နာမည်များကား ABN ကဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

အကြမ်းဖက် စကစ အဖွဲ့သည် ဒရုန်းဖြင့်ပစ်ချပြီး စစ်ဘေးရှောင်စခန်းအနောက်တွင် ကျရောက်ပေါက်ကွဲကာ လက်နက်ကျည်စများ စခန်းထဲသို့ ဖောက်ထွင်းဝင်လာသောကြောင့် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက AB New သို့ပြောသည်။

“စကစတွေက ဒရုန်းနဲ့ လာပြီးအပေါ်ကနေချသွားတာ၊ စခန်းဘေးနားကျရောက်ပေါက်ကွဲတယ်၊ လက်နက်ကျည်စတွေက စခန်းထဲကိုဖောက်ဝင်သွားပြီး လူ ၂ ယောက်သေဆုံးသွားတယ်၊ ဒဏ်ရာရတဲ့သူလည်း ရှိတယ်” ဟု ဆိုသည်။

လက်ရှိတွင် ဘုရားပေါ်စစ်ဘေးရှောင်စခန်းမှ ဒဏ်ရာ ရရှိသူများ အပါအဝင် စခန်းရှိစစ်ဘေးရှောင်များသည် ဘေးလွတ်ရာနေရာသို့ ရွှေ့ပြောင်းနေရသည့်အတွက် သေဆုံးသွားသူ ကလေး၏အမည်နှင့် ဒဏ်ရာရရှိခဲ့သူများ၏နာမည်ကို AB News သီးခြားအတည်မပြုနိုင်သေးပေ။

လက်ရှိတွင် ၎င်း အလာင်း ၂ လောင်းကို နာရေးကားဖြင့်ပို့ဆောင်နေပြီး ကင်းဆိပ် သုဿာန်တွင် သင်္ဂြိုလ်သွားမည် ဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီ၏ဗုံးကြဲချမှုကြောင့် ခရိုင်ရုံးနှင့် ထွေအုပ်ရုံးတို့မှာလည်း ကျည်ထိမှန်ပြီးပျက်စီးခဲ့ရသည်။

အကြမ်းဖက် စစ်ကောင်စီအဖွဲ့၏ ဗုံးကြဲ တိုက်ခိုက်နေမှုကြောင့် မြောက်ဦးမြို့ခံများ အသက်လုထွက်ပြေးနေရပြီး ထမင်းမစားရသေးသောသူများလည်း ရှိနေကြောင်း သိရသည်။

မြောက်ဦးတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်လျက်ရှိကြောင်း သိရသည်။

မြောက်ဦးတွင် ၃ ရက်အတွင်း စစ်ကောင်စီက ပစ်ခတ်သည့် ကျည်ထိမှန်ပြီး အရပ်သားပြည်သူ ၈ ဦးထိ သေဆုံးမှုရှိလာပြီး၊ ဒဏ်ရာရှိသူများစွာ ရှိနေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ