Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမြို့ အချုပ်ခန်းတွင် ထိန်းသိမ်းခံထားရစဥ်အတွင်း ပစ်သတ်ခံခဲ့ရသည့် အရပ်သား ၇ဦး၏ ရုပ်အလောင်းများအား အုတ်ဂူ ၁ခုတည်းတွင် ဂူသွင်း သင်္ဂြိုလ်

AB News – မတ်လ ၁၃၊ ၂၀၂၄

မြောက်ဦးမြို့၊ ခမရ ၃၇၈ တပ်ရင်း၏ အချုပ်ခန်း၌ ထိန်းသိမ်းခံထားရစဉ် အကြမ်းဖက်စစ်ကောင်စီတပ်သားများ ပစ်သတ်ခဲ့သည့် အရပ်သား ၇ဦး၏ ရုပ်အလောင်းများအား ​မြောက်ဦးမြို့ မင်းသားကျွန်းသင်္ချိုင်း၌ တစ်နေရာတည်းတွင် အုတ်ဂူပြုလုပ်ကာ သင်္ဂြိုလ်ထားကြောင်း AB News မှ သိရှိရသည်။

 အကြမ်းဖက်စစ်ကောင်စီ၏ လူမဆန်စွာ သတ်ဖြတ်ခံခဲ့ရသည့်သတင်းသမား ကိုမြတ်သူထွန်း (ခ) ဖိုးသီဟ၊ အဆိုတော်၊ ဆယ်လီ ကိုကျော်ဇံဝေ (ခ) ရင်ဆို့၊ ကိုကျော်သိန်းလှိုင်၊ ကိုကျော်ဝင်းလှိုင်၊ ကိုကိုညွန့်၊ ကိုဝင်းနိုင်၊ ကိုပြည့်စုံဝင်းတို့၏ ရုပ်အလောင်းများကို အုတ်ဂူ ၁ခုတည်းတွင် ဂူသွင်း သင်္ဂြုလ်ထားကြောင်း မြောက်ဦးမြို့မှ မြို့မိမြို့ဖ ၁ဦးက ပြောသည်။

“ဒီလို အုတ်ဂူ ၁ခုတည်းမှာ သူ့တို့ရုပ်အလောင်းတွေကို သင်္ဂြိုလ်ထားခြင်းဟာ ဖက်ဆစ်စစ်ကောင်စီရဲ့ ပြည်သူတွေအပေါ် ဘယ်လောက်အထိ ယုတ်မာခဲ့သလဲဆိုတာကို နှောင်းလူတွေ သိစေချင်တဲ့ အတွက်ကြောင့် ပြုလုပ်ထားတာဖြစ်တယ်” လို့ ဆိုသည်။

မြောက်ဦးမြို့ခမရ ၃၇၈ တပ်ရင်းအတွင်း ဗဟိုကင်းရှိ အချုပ်ခန်း၌ ဖမ်းဆီးချုပ်နှောင်ခံထားရသည့် အရပ်သား ၇ ဦးအား ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်နေ့ နေ့ခင်း ၂ နာရီကျော်က အဝတ်စဖြင့် မျက်နှာကို စည်းထားပြီး နောက်ပြန်ကြိုးတုတ်ထားကာ ဗုံးခိုကျင်းကမ်းပါးတွင် ဒူးထောက် ထိုင်စေ၍ ဦးခေါင်းနောက်စေ့မှ သေနတ်ဖြင့် ပစ်သတ်ကာ ဗုံးခိုကျင်းတွင် ပစ်ချထားခဲ့ကြောင်း  ဗိုလ်မှူး သိန်းထိုက်စိုးမှ ဝန်ခံ ထွက်ဆိုကြောင်း သိရှိရသည်။   

ရက္ခိုင်ပြည်အနှံ့ရှိ အကျည်းထောင်၊ အချုပ်ထောင်၊ အချုပ်ခန်း အသီးသီးတွင် ချုပ်နှောင် ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များမှာလည်း အချုပ်ခန်း၊ အကျည်းထောင်များတွင်ရှိသူများအား အကြမ်းဖက် စစ်ကောင်စီအဖွဲ့က ပစ်သတ် သတ်ဖြတ်သွားမည်ကို စိုးရိမ်လျက်ရှိကာ၊ နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် ကူညီပေးကြရန် တောင်းဆိုမှုများ ရှိနေသည်။ 

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ