Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်မှ လက်နက်ငယ်ဖြင့် ပစ်ခတ်သည့်ကျည်ထိ၍ ဆယ်ကျော်သက်အရွယ် အမျိုးသမီး ၁ဦး သေဆုံး

မြောက်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်မှ လက်နက်ငယ်ဖြင့် ပစ်ခတ်သည့်ကျည်ထိ၍ ဆယ်ကျော်သက်အရွယ် အမျိုးသမီး ၁ဦး သေဆုံး

AB News – နိုဝင်ဘာ ၂၈၊ ၂၀၂၃

ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သော လက်နက်ငယ်ကျည်ထိမှန်၍ ဆယ်ကျော်သက်အရွယ် အမျိုးသမီး ၁ဦး သေဆုံးခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

သေဆုံးခဲ့သူမှာ မြောက်ဦးမြို့နယ်၊ ပန်းဖော်တန်းကျေးရွာမှ မချိုချို ၁၆နှစ် ဖြစ်သည်။

ယမန်နေ့ နိုဝင်ဘာလ ၂၇ရက်၊ ညနေ ၈နာရီအချိန်တွင် မြောက်ဦးမြို့ အခြေစိုက် စစ်ကောင်စီတပ် ​ခမရ ၃၇၈ တပ်ရင်းမှ တပ်ဖွဲ့ဝင်များက လက်နက်ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် ပန်းဖော်တန်းကျေးရွာမှ မချိုချို သေဆုံးခဲ့သည်ဟု ကျေးရွာသား ၁ဦးက ပြောသည်။

“မနေ့က ညနေ ၈နာရီအချိန်မှာ စစ်ကောင်စီတပ် ခမရ ၃၇၈ တပ်ရင်းက ပစ်ခတ်တဲ့ လက်နက်ငယ်ကျည်ထိလို့ မချိုချို ရဲ့ ဝမ်းဗိုက်မှာ ထိမှန်ပြီး သေဆုံးခဲ့တာ” ဟု ဆိုသည်။

ယနေ့ နိုဝင်ဘာ ၂၈ရက်၊ နံနက် ၄နာရီ၊ ၄၀မိနစ်အချိန် ဘူးသီးတောင်မြို့နယ်တွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်စ ထိမှန်ပြီး ကလေး၂ဦး အပါအဝင် ၃ဦးသေဆုံးပြီး ၅ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ